Chapter 91: ထန်းမိုမှာ ဘယ်လိုနတ်ဆိုးဆန်တဲ့အတွေးမျိုးရှိတာလဲ?

1.6K 253 0
                                    

Translator - Th       Editor - Aster

UNICODE

သူမအော်သံကထန်းမိုရဲ့အကြားအားရုံကို ဆုံးရှုံးသွားစေရင်ဘယ်နှယ့်လုပ်မလဲ?

ချင်မုယဲ့: "..."

ဟ...ဟ...ဝေကျီချင်ဇာချဲ့နေတာကို ဒီအချိန်မှာသူမဂရုမစိုက်အားသေးပေ?

"ဘုရားရေ"ထန်းဝမ်စစ်ရဲ့မျက်ဝန်းတွေဟာ မျက်ဝန်းအိမ်ထဲမှ ကျွတ်ကျမယောင်ဖြစ်နေသည်။ သူဘာကိုမြင်လိုက်ရတာလဲ? "ဒါကမြို့တော်Bရဲ့ ဝိဇ္ဇာတွဲမှာ အမြင့်ဆုံးအမှတ်ဖြစ်မှာ သေချာသလောက်ပဲ"

၁၅ နှစ်ပဲရှိသေးတဲ့သူ့သမီးလေးက ဝိဇ္ဇာတွဲမှာ အမှတ်အများဆုံးရခဲ့တာပဲ!

"ဟဟားဟဟား!"ထန်းဝမ်စစ်ကအရူးတစ်‌ ယောက်လိုရယ်မောရင်း ပြောလာသည်။ "ယွမ်ကဲချင်သာမိုမိုကို ထိခိုက်နစ်နာစေချင်ရင် သူမထိုင်သာဆုတောင်းနေပေတော့"

ဘယ်လောက်တောင်အားရဖို့ကောင်းလိုက်လဲ!

ထိုအချိန်မှာပဲ ရှုမင်ကျန်းထံဖုန်းဝင်လာ‌လေသည်။

ထန်းမိုပေါင်ပေါ်မှာရှိတဲ့ ကွန်ပျူတာမျက်နှာပြင်ကိုကြည့်နေရင်းနဲ့ အမှတ်စာရင်းမြင်လိုက်ပြီးနောက် ကနဦးတုန်လှုပ်နေမှုကနေ ရှုမင်ကျန်းကခုထိပြန်မဟန်နိုင်သေးပေ။ သူမအိပ်ကပ်ထဲက‌နေ ဖုန်းထုတ်ပြီးကြည့်လိုက်တော့ သခင်မကြီးဝေခေါ်တာဖြစ်ကြောင်း တွေ့လိုက်ရသည်။

ရှုမင်ကျန်းလည်း အသိပြန်ဝင်လာကာ ဖုန်း‌ဖြေလိုက်သည်။"သခင်မကြီး"

"မင်ကျန်း မိုမို့အမှတ်တွေထွက်ပြီလား? ဘယ်လိုနေလဲ?" ဖုန်းရဲ့တစ်ဘက်ခြမ်းက သခင်မကြီးဝေစိတ်ပူစွာဖြင့် မေးမြန်းနေလေသည်။ "မိုမိုကနင်နဲ့အတူရှိလား? တကယ်လို့ရလဒ်ကကျေနပ်စရာမကောင်းရင် နင်ငါ့ကိုကွယ်ရာကျမှပြောပြလို့ရတယ်။သူမအရှေ့မှာဒါ‌တွေပြောပြီး သူမကို‌အနေခက်အောင်မလုပ်နဲ့နော်"

သခင်မကြီး​ဝေက စာမေးပွဲမှာတုန်းကထန်းမိုအဖြေလွှာစောစောအပ်ခဲ့ပြီး ဆေးရုံအပြေးလာခဲ့တာကို မှတ်မိလေသည်။

ထန်းမိုက ဘယ်လောက်တော်တယ်ပြောပြော စာမေးပွဲရလဒ်ကတော့ အားရစရာသိပ်မကောင်းနိုင်ဘူးဟု သူမထင်တာဖြစ်သည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now