အပိုင်း-၈၄ မတွေ့ရတာကြာပြီ။ မင်းရဲ့ Abs က တော်တော်လေး တိုးတက်လာတာပဲ

1.8K 242 0
                                    

Translator- HMM Editor- Aster

UNICODE

"အန်ကယ်လေး!" ထန်းမိုက သူမအခြေနေကိုသူမကောင်းကောင်းသိပါသည်။

"ဘာလဲ? အခု မင်း ကြီးလာလို့ ငါပြောတဲ့ စကားတွေနားမထောင် တော့ဘူးလား" ဝေကျီချင် က ပြောလာသည်။ "ငါ ဒီနေ့ ဆေးရုံက ဆင်းဖို့ စီစဉ်ထားပြီးသား။ငါ့အခြေအနေကလည်း ကောင်းနေပြီး လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီ။ စိတ်မပူပါနဲ့။ မင်းငါ့ကိုမယုံဘူးလား?"

"ယုံပါတယ်။" ထန်းမို အရှုံးပေးလိုက်ရသည်။

ဝေကျီချင်က သူမ၏လက်ကို ဆုပ်ကိုင်ထားပြီး နေနေသရွေ့ သူမသည် အစွမ်းများကို လွှဲပေးနိုင်ပြီဖြစ်သည်။

ဒါသာဝေကျီချင် သိရရင် ဒေါသထွက်သွားနိုင်သည်။

ထန်းမိုက ဒါကြောင့် ဘာမှမလုပ်ရဲ‌ပေ။

ဝေကျီချင် က သူ့ရဲ့ ဖြတ်ထားတဲ့ ပတ်တီးကို ကြည့်ပြီး မေးလိုက်သည်။ "မင်း ငါ့ကို ပတ်တီးစည်းမယ်ဆို"

"စိတ်မပူပါနဲ့ သမီးကောင်းကောင်း ပြန်စည်း‌ ပေးပါ့မယ်။" ထန်းမိုက ချက်ချင်းဆိုသလို ပတ်တီးအသစ်တစ်ခုယူကာ ဝေကျီချင်ကို ရစ်ပတ်လိုက်သည်။

ဒါပေမယ့် သူမ အရင်က ဘယ်သူ့ကိုမှ ပတ်တီးမပတ်ဖူး‌ပေ။ ယခင်ဘဝမှာလည်း သူမ၏ဆရာသခင်က ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရခြင်းမျိုး တစ်ခါမျှ မခံစားခဲ့ရပေ။ ဒဏ်ရာအားလုံးသည် အတွင်းဒဏ်ရာများဖြစ်သောကြောင့် သူမသည် ပတ်တီးပတ်နည်းကို ဘယ်သောအခါမှ မတွေးခဲ့မိပေ။

နှင်းနတ်သမီးလေးတစ်ယောက်အနေဖြင့် သူမသည် ပတ်တီးပတ်နည်းကို သိရန်မလိုအပ်ပေ။

ယခုတွင်မူ သူမသည် ကို ဒါကိုလုပ်ရတော့မည်ဖြစ်သည်။

ကံကောင်းထောက်မစွာ၊‌ ဝေကျီချင်ရဲ့ဒဏ်ရာက သိပ်မနာတော့‌ပေ။

ထန်းမိုက ဝေကျီချင် ကို တင်းတင်းကြပ်ကြပ် ပတ်တီးစည်း‌ ပေးပြီး မေးလိုက်သည်။ "နာလား?"

"မဟုတ်ဘူး၊ မနာပါဘူး" သူက စိတ်ရှည်ရှည်နဲ့ ပြန်ဖြေသည်။

နောက်ဆုံးတွင်၊ ပတ်တီးကို အကြိမ်ကြိမ် ပတ်ထားပြီးနောက် ထန်းမိုက သေချာ ချည်လိုက်သည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now