အခန်း ၂၅- သူက မကောင်းတဲ့သူ

3.3K 528 10
                                    

UNICODE

"သူတို့မိသားစုမှာ အခက်အခဲရှိတယ်ဆိုရင် မင်းကျင်းက ကျွန်မကို လာရှာခိုင်းလိုက်မယ်... အခြေအနေပေါ်မူတည်ပြီး ကူညီသင့်လား မကူညီသင့်ဘူးလားဆိုတာ ကျွန်မဆုံးဖြတ်လိုက်မယ်.. ကူညီခဲ့ရင်တောင် ဒါက ညီအစ်မကြားက သံယောဇဉ်ကြောင့်ပဲ... ကျွန်မက မင်းကျင်းကိုပဲကူညီပေးမှာ ယွမ်ကျန်းဝမ်နဲ့ဘာမှမဆိုင်ဘူး ဒါပေမယ့် ယွမ်ကျန်းဝမ်က သူတို့မိသားစုအတွက် လိုတာပိုပြီး ယူထားပြီးပြီ... သူထပ်မတွေးသင့်တော့ဘူး" ရှုမင်းကျန်းက ခိုင်မာစွာပြောဆိုလာသည်။

ထန်းဝမ်စစ်လည်း စိတ်သက်သာရာရသွား၏။ ရှုမင်းကျန်းရဲ့စကားတွေနှင့်ဆိုတော့ သူက ယွမ်ကျန်းဝမ်ကို စိတ်ချလက်ချ အလုပ်ထုတ်လို့ရပြီဖြစ်သည်။ မဟုတ်ရင် ယွမ်ကျန်းဝမ်နှင့်ဆို သူ့ကုမ္ပဏီအရှုံးက ပိုဆိုးလာဖို့သာရှိမည်ဖြစ်သည်။

***

တနလာနေ့မှာတော့ သူက မနက် ၉း၁၅တွင် အလုပ်သွားလိုက်သည်။

ထန်းဝမ်စစ်၏ကုမ္ပဏီဖြစ်သည့် တန်ယွဲ့မှ ဝန်ထမ်းတွေအကုန် HR ဌာနမှ Email တစ်စောင်ကို လက်ခံရရှိခဲ့သည်။ ကုမ္ပဏီ၏ ရာထူးပြောင်းလဲမှုအရ ယွမ်ကျန်းဝမ်ကို လက်ရှိရာထူး Purchasing Manager အဖြစ်မှ ထုတ်ပယ်လိုက်သည်။

ထန်းဝမ်စစ်က ဒီရာထူးကို ယွမ်ကျန်းဝမ်အတွက် စီစဉ်ခဲ့စဉ်က သူသေချာစဉ်းစားခဲ့သည်။ ထန်းဝမ်စစ်က ကုမ္ပဏီ၏ တိုးတက်မှုအတွက် ဆုံးဖြတ်ချက်ချလို့ရသည့်ရာထူးတွေကို မပေးရဲခဲ့ပေ။ ပြီးနောက် ရာထူးက ငွေအများကြီးမရပေမယ့် အရမ်းလည်း ကောင်းတာမပေးရဲသော်လည်း သူ့ယောက်ဖဖြစ်နေသည့်အတွက်ကြောင့် Purchasing ဌာနမှာ သင့်တော်သည့်ရာထူးကိုတွေ့လို့ ပေးခဲ့တာဖြစ်သည်။

ကုမ္ပဏီ၏နေ့စဉ်လိုအပ်ချက်တွေကို ဝယ်ယူသည့်အပြင် Purchase Account တွေကို လှည့်ပြီး ငွေကြေးအလွဲသုံးစားမှုတွေလုပ်ခဲ့သည်။

ထန်းဝမ်စစ်က ယွမ်ကျန်းဝမ် မသင့်တော်တာကို လုပ်မည်ဆိုတာကို ခန့်မှန်းထားပြီးပြီဖြစ်သည်။ ယွမ်ကျန်းဝမ်က အရှက်မရှိ ဗြောင်ကျကျ လုပ်မယ်လို့ သူမထင်ခဲ့ရုံတင်ဖြစ်သည်။ ဘောင်ချာအတုတွေလုပ်တာနဲ့တင်လုံလောက်ပြီဆိုပေမယ့် သူက မကောင်းသည့် ထုတ်ကုန်တွေကို နှစ်ကြိမ်မကတောင် ဝယ်ယူထားခဲ့သည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now