အခန်း ၄၈

2.7K 352 0
                                    

UNICODE

ကလေးသုံးယောက်က သူတိုအစီအစဉ်ကို လုပ်ဖို ကြိုးစားနေချိန်မှာ သူတိုနောက်ကနေ ဝေကျီချင်နှင့် ချင်မုဖုန်း ပါလာတာကို သတိမပြုမိကြပေ။ ပြီးတော့ သူတိုနှစ်ယောက်လုံး လျန်ရှန်မှာ လေ့ကျင့်ရေးဆင်းထားကြတာဖြစ်သည်။

မျိုးနွယ်စုကြီး ရှစ်ခုရဲ့ ကလေးတွေ အထူးသဖြင့် တိုက်ရိုက်မျိုးဆက်တွေက လျန်ရှန်မှာ ကလေးဘဝကနေစပြီး လေ့ကျင့်ရေးဆင်းရသည်။
နံပါတ်တစ်ရည်ရွယ်ချက်က သူတိုရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုအတွက် ဖြစ်ပြီး နောက်တစ်ခုကတော့ ကိုယ့်ကိုကိုယ်ကာကွယ်နိုင်သည့်အရည်အချင်းအတွက်ဖြစ်သည်။

မျိုးနွယ်စုကြီးရှစ်ခုရဲ့ ဆွေမျိုးဝေးကွာသည့် ကလေးတွေလည်း လျန်ရှန်မှာ လေ့ကျင့်ရေးအတွက် စေလွှတ်ခံရသည်။ သိုပေမယ့် သူတိုရဲ့ လေ့ကျင့်မှုတွေကတော့ ဝေကျီချင်လို တိုက်ရိုက်အမွေဆက်ခံသူတွေနှင့် ကွဲပြားခြားနားသည်။

သူတိုရဲ့ လေ့ကျင့်ရေးက ပိုပြီး ပြင်းထန်ကာ သူတိုရဲ့ သေခြင်းရှင်ခြင်းနှင့် မကြာခဏတွေ့ရတာမျိုးတွေဖြစ်သည်။

သိုပေမယ့်လည်း လျန်ရှန်ရဲ့ ဝင်ခွင့်ကို ရရှိပြီး သူတိုထဲက တစ်ဦးဖြစ်သွားပြီသည်နှင့် ကြီးမားသည့် အကျိုးအမြတ်က သူတိုကို စောင့်ကြိုနေသည်။ အထူးသဖြင့် လျန်ရှန်ရဲ့ အဆက်အသွယ်တွေဖြစ်သည်။

ထိုအတွက်ကြောင့် ထိုကဲ့သို လေ့ကျင့်ရေးဆင်းထားသည့် ဝေကျီချင်နှင့် ချင်မုဖုန်းတို့အတွက်တော့ ဒီကလေးသုံးယောက်မသိအောင် အနောက်ကနေလိုက်ရတာက လွယ်ကူသည်။

သူတိုနှစ်ဦးလိုက်နေသည့် ထန်းမို၊ ချင်မုယဲ့နှင့် မင်ယဲ့ချင်တိုက Haagen-Dazs စတိုးထဲသို ဝင်သွားသည်။
ချင်မုဖုန်းနှင့် ဝေကျီချင်တိုကလည်း ထိုစတိုးထဲသို တိတ်တိတ်လေးလိုက်ဝင်သွားပြီး မမြင်ရတဲ့ ထောင့်နေရာမှာ ထိုင်နေသည်။

ချင်မုယဲ့က အော်ဒါမှာလိုက်သည်။ "သမီးတို ဟော့ပေါ့ရေခဲမုန့်တစ်ပွဲမှာချင်လို့"

ဝေကျီချင်က ချင်မုဖုန်းကို ပြောလိုက်သည်။ "မုယဲ့က ဟော့ပေါ့ရေခဲမုန့် ပွဲကြီးမှာနေတယ်"
"ငါမြင်တယ်" ချင်မုဖုန်းက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။ "ဆောင်းတွင်းဆို အိမ်မှာ ငါတို့က သူမကို ရေခဲမုန့်စားခွင့်ပိတ်ထားတယ် အခန်းက အပူပေးထားရင်တောင် ပေးမစားဘူး၊ လက်စသတ်တော့ အပြင်မှာ တိတ်တိတ်လေးရေခဲမုန့်ခိုးစားနေတာကိုး။ ဒါပေမယ့် သူမမုန့်ဖိုးက လျှော့လို့မရဘူး"
မိန်းကလေးတွေအတွက် အသုံးစရိတ်မရှိတာက အဆင်မပြေပေ။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါOpowieści tętniące życiem. Odkryj je teraz