အခန်း ၂၆ - ညီမတို့မိသားစုက ဝံပုလွေတွေမဟုတ်ဘူး

3.3K 523 4
                                    

UNICODE

အန်တီကောင်းက Osmanthus Oolong ရေနွေးနှစ်ခွက်လုပ်ပြီး ကွက်ကီး၊ အခွံမာသီးတစ်ချို့၊ သစ်သီးခြောက်၊ Osmanthus ကိတ်နှင့် ပဲကိတ်တစ်ချို့ကို ယူလာကာ ချပေးလိုက်သည်။

"မမ" ရှုမင်းကျင်းက စပြောလာသည်။ သူမ ဘာမှ မစားချင်သလို သောက်လည်းမသောက်ချင်ပေ။ "ကျန်းဝမ်က ဒီနေ့ အိမ်အစောကြီး ပြန်လာတယ်... သူပြောတာက ခဲအိုက သူ့ကို အလုပ်ထုတ်လိုက်တယ်တဲ့"

"ဟုတ်တယ် ငါလည်းသိတယ်" ရှုမင်းကျန်းက ရေနွေးတစ်ငုံသောက်လိုက်သည်။ "မနေ့ညက ဝမ်စစ် ငါနဲ့ဆွေးနွေးတယ်"

"မမ ဘာလို့ သဘောတူလိုက်တာလဲ" ရှုမင်းကျင်းက ထိတ်လန့်သွားသည်။ ရှုမင်းကျန်းက သူမကို ကူညီလိမ့်မယ်လို့ သူမ အမြဲတွေးခဲ့တာဖြစ်သည်။

"ဒါကို ကြည့်လိုက်" ရှုမင်းကျန်းက အများကြီးမပြောတော့ဘဲ ငွေစာရင်းစာအုပ်နှစ်အုပ်ထုတ်ပေးလိုက်သည်။

ဒီမနက် ထန်းဝမ်စစ်က ယွမ်ကျန်းဝမ်ကို ပြလိုက်သည့် စာရင်းစာအုပ်နှင့် တူတူပင်ဖြစ်သည်။

ရှုမင်းကျင်းက သူမဆီလာမယ်ဆိုတာ ရှုမင်းကျန်း ခန့်မှန်းထားပြီးပြီဖြစ်သည်။ ဒီနေ့ဖြစ်လိမ့်မယ်ဆိုတာ သိပေမယ့် ဘယ်အချိန်လဲဆိုတာ မသေချာဖြစ်နေတာဖြစ်သည်။

ထို့အတွက်ကြောင့် ရှုမင်းကျန်းက ထင်းဝမ်စစ်ကို သူမအတွက် မိတ္တူနှစ်စုံထားခဲ့ပေးဖို့ ပြောထားတာဖြစ်သည်။ အချက်ကျကျ ပြောတာထက် ပိုပြီး အရေးပါတာမရှိပေ။

ရှုပ်ထွေးနေသည့် မျက်နှာဖြင့် ရှုမင်းကျင်းက ရှုမင်းကျန်းပေးလာသည့် ငွေစာရင်းစာအုပ်ကို ယူလိုက်သည်။

"ဘယ်ဘက်က တစ်ခုက ငွေစာရင်း အစစ်" ရှုမင်းကျန်းက ရှင်းပြလိုက်သည်။ "ညာဘက်က တစ်ခုက ယွမ်ကျန်းဝမ် ကုမ္ပဏီအတွက် လုပ်ထားတဲ့ ငွေစာရင်း အတု"

ရှုမင်းကျင်းက ကောလိပ်မှာ ငွေစာရင်းနှင့် ပတ်သက်ပြီး သင်ယူထားသည့်သူ ဖြစ်သောကြောင့်တစ်ချက်ကြည့်ရုံနှင့်တင် ပြဿနာကိုတွေ့လိုက်သည်။

"အဲ့လောက်တောင် ကွာနေတာလား" ရှုမင်းကျင်းက ရှုမင်းကျန်းကို ထိတ်လန့်စွာကြည့်လာသည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now