အပိုင်း၉၅: (စုံတွဲအိပ်မက်။)

1.5K 195 1
                                    

Translator: HMM Editor: Aster

UNICODE

". . . "

သခင်မကြီးဝေ၏ ပထမဆုံး တုံ့ပြန်မှုသည် သူမနောက်ကို လှည့်ကြည့်ခြင်း ဖြစ်သည်။ ထန်းမို ရောက်နေလောက်ပြီလား?

လှည့်ကြည့်လိုက်ပြီး ဘယ်သူမှဒီမှာမရှိသေးတာကိုတွေ့တော့ သက်ပြင်းတစ်ချက်ချလိုက်ပါသည်။ ထို့နောက် သူမသည် လှည့်ကြည့်ကာ ညည်းညူတော့သည်။ "ဘာလို့ သွေးခွဲဖို့ ကြိုးစားနေတာတုန်း"

"မင်းကဘာလို့ မင်ယဲ့ချင်ကို ဒီလောက်ကြီးကြီးကျယ်ကျယ်လုပ်နေတာလဲ" သခင်ကြီးဝေက မေးသည်။ "သူကျေနပ်တယ်ဆိုရင် ကလေးတွေက အရွယ်ရောက်လာတဲ့အခါ စုံတွဲဖြစ်သွားနိုင်တယ်။ ဒါဆို ဘယ်လောက်‌တောင်ကောင်းမလဲ?" သခင်မကြီးဝေက အနာဂတ်ကို တွေးနေပြီဖြစ်သည်။ "သူနဲ့ မိုမိုက ငယ်စဉ်ကတည်းက တစ်ယောက်နဲ့တစ်ယောက် သိခဲ့ကြတာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် နောက်ခံအကြောင်းတွေ သိတယ်။ သူတို့နှစ်ယောက်အတူရှိရင်က တကယ်ကို စိတ်ချရမှာပါ"

"ဘယ်လိုပဲဖြစ်ဖြစ် အနာဂတ်မှာ မိုမို ချစ်ကျွမ်းဝင်တဲ့အခါကျ ကျွန်မတို့ စစ်ကြည့်ရမှာပေါ့" သခင်မကြီးဝေသည် ဝေကျီချင်၏အနာဂတ်ထက် မိုမို၏အနာဂတ်ကို ပို၍အလေးထားသည်။

"မိန်းကလေးတွေက ယောက်ျားလေးတွေနဲ့ မတူဘူး။ လူမှားပြီး လက်ထပ်ရင် ကွာရှင်းနိုင်ပေမယ့် နောက်ဆက်တွဲ အကျိုးဆက်က ဘယ်လိုမှ ကောင်းမှာမဟုတ်ဘူး။" သခင်မကြီးဝေသည် ထန်းမို၏ ချစ်စရာကောင်းသော မျက်နှာကို တွေးကြည့်သောအခါတွင် သူမသည် အနည်းငယ်မျှသော ထိခိုက်မှုဒဏ်ကို မခံနိုင်တော့ပေ။ "ဒါကြောင့်ဒါတွေရှောင်နိုင်ဖို့ ကျွန်မတို့က အတတ်နိုင်ဆုံး အစကတည်းက သေချာအောင် လုပ်ရမယ်။"

"ငါတို့ရဲ့ မိုမိုလောက် မထူးချွန်တဲ့သူကို ငါ လက်မခံဘူး" သခင်ကြီး‌ ဝေက "အခု‌ တောင်ငါးမှတ်နည်းတာ ဒီလိုလူကိုဘယ်လိုမှ မဖြစ်နိုင်ဘူး"

သခင်မကြီးဝေ- "..."

ဤအဘိုးကြီးနှင့်စကားဆက်‌ပြောရန် သူမတကယ်ကို စိတ်မပါ‌တော့‌ ပေ။

လူကြီးနှစ်ယောက် အချင်းချင်း အငြင်းအခုန်ပြောနေရင်း ဝေကျီချင်သည် ထန်းမိုနှင့်အတူ ဝင်လာခဲ့သည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါΌπου ζουν οι ιστορίες. Ανακάλυψε τώρα