Chapter 127: ​ကျောင်း​တော်ရဲ့ကြယ်ပွင့်​လေး​တွေ သည်းမခံနိုင်​တော့

1.6K 162 4
                                    

UNICODE
Translator - Th Editor- Aster

ဒီတစ်မနက်လုံးသူမဗိုက်ဆာနေတာကြောင့် မနက်ခင်းလေ့ကျင့်ရေးဆင်းတာနဲ့ ထန်းမိုကသူမခြေထောက်နာနေတာကို‌တောင်ဂရုမစိုက်တော့ဘဲ ကန်တင်းကိုပဲတန်းသွားလိုက်သည်။

သို့သော်ငြားလည်း မမျှော်လင့်ဘဲသူ မလေ့ကျင့်ရေးကွင်းထဲကထွက်တုန်းရှိသေး ချင်မုရုန် သူမဆီလာနေပြန်တာကိုတွေ့လိုက်ရသည်။

သူမရဲ့အရေထူချက်ကိုတော့ ထန်းမိုလုံးဝအထင်ကြီးမိသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်ကပဲ လူတွေအများကြီးအရှေ့မှာသူမအရှက်ကွဲခဲ့တာတောင်မှ သူမက ဒီနေ့ထပ်ပြီးတောင် ဒီကိုလာရဲသေးသည်။

ထန်းမိုလည်းသူမဘာသာပဲသက်ပြင်းချလိုက်သည်။ပြောင်းပြန်ပြောရမယ်ဆိုရင် ဒါတွေကပဲ ချင်မုရုန်ရဲ့အရည်အချင်းလို့ပြောလို့ရသည်။

အရေးပါသည့်ကိစ္စတွေမှာသာ သူမဒီလိုမျိုးဇွဲလုံ့လထားမယ်ဆို သူမအောင်မြင်မှုကြီးကြီးမားမားရနိုင်လောက်သည်။

"ထန်းမို" ချင်မုရုန်ကသူမဆီကိုလျှောက်လာသည်။

ဒီတစ်ခေါက်တော့ သူမက မိုမိုလို့ဟန်ဆောင်ပန်ဆောင်တောင် မခေါ်တော့ပေ။

"အမမုရုန်..." ထန်းမိုတုံပြန်ပုံက မနေ့တုန်းက ဘာအချင်းများမှုမှဖြစ်မထားကဲ့သို့ပင်။

ချင်မုရုန်ကလည်းခါးခါးသီးသီးဖြစ်မနေဘဲ ပြုံးပြကာပြောလာသည် "မနေ့တုန်းကကဲလီငါ့ကိုပြောတယ် နင်ကငယ်သေးလို့မသိနားမလည်သေးတော့ တစ်ချို့ကိစ္စတွေပေါ်မှာနားလည်မှုလွဲသွားခဲ့တာဆို"

ထန်းမိုက ချင်မုရုန်နှင့် တူတူရောက်လာသည့် ဝေ့ကဲလီကိုအဓိပ္ပါယ်ပါပါကြည့်လိုက်သည်။

ချင်မုရုန်နဲ့သူ့ကြား ဆက်ဆံရေးကောင်းအောင်လို့ သူမကိုအနိုင်ကျင့်မယ်ဆိုရတယ်ဆိုပြီး ထန်းမိုကဝေ့ကဲလီကိုပြောခဲ့ဖူးသည်။

ဝေ့ကဲလီက သူမပေးလိုက်သည့် အခွင့်အရေးကိုအရယူလိမ့်မယ်လို့ ထန်းမိုလုံးဝထင်မထားခဲ့ပေ။

ချင်မုရုန်နဲ့နီးစပ်ဖို့အတွက် သူမကိုနယ်ရုပ်အနေနဲ့ အသုံးချဖို့သူကအချိန်‌တောင်မဆိုင်းချင်တော့ပေ။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now