အခန်း -၆၈ အိမ်တော်ထိန်းကျိုး

2.2K 347 4
                                    

Translator – HMM Editor - Aster

UNICODE

ယွမ်ကဲချင်က ထန်းမိုထက် ပိုခင်စရာ‌ကောင်းသည်ဟု ဝေကဲလီက ခံစားမိသေးသည်။

ဝေကဲလီနှင့် ယွမ်ကဲချင်ကိုကြည့်ရင်း ထန်းဝမ်စစ် အနည်းငယ် ရွံရှာလာသည်။ "မိုမို၊ ကဲလီ မင်းတို့ သွားကြ‌ တော့လေ စာမေးပွဲအခန်းကို ရှာပြီး သေသေချာချာဖြေခဲ့ကြ။ စာမေးပွဲမှာ တည်တည်ငြိမ်ငြိမ်နဲ့ မှန်မှန်ကန်ကန်ဖြေဖို့ပဲ လိုတယ်။"

"ဟုတ်တယ်။" လီရှန်းရုန် ကသဘောတူလိုက်သည်။ "သားတို့ သွားသင့်ပြီ နောက်ကျရင် ဘာမှ အဆင်မပြေဘူး။"

"ဟုတ်ကဲ့ မိုမို၊ ဝင်ကြရအောင်" ဝေကဲလီက ပြောသည်။

ထန်းမို မပျော်ပေ။ စာမေးပွဲမဖြေခင် ဝေကဲလီကို ဘယ်လိုလုပ်ပြီး လာကြုံရတာလဲလို့? ဘယ်လောက်ကံဆိုးလိုက်လဲ???? Bleh Bleh Bleh!!

သူမသည် စာမေးပွဲတွင် သေချာပေါက် ကောင်းကောင်း ဖြေဆိုနိုင်မည်ဖြစ်ပြီး သူ့ကိုတွေ့ခြင်းမှ ကံဆိုးမှုများ လျင်မြန်စွာ ပျောက်ကွယ်သွားမည်ဖြစ်သည်။

ထန်းမိုနှင့် ဝေကဲလီတို့ အတူတူ ကျောင်းထဲသို့ အတူတူဝင်သွားကြသည်။ ရှုမင်ကျင်းက ရှုမင်ကျန်း ကို "မမရေ ငါလုပ်စရာရှိတယ်၊ ဒါကြောင့် ကဲချင် ကို ခဏလောက်ကြည့်‌ ပေးဖို့ ဒုက္ခပေးပါရစေ"

"လုပ်စရာရှိရင် ဆက်လုပ်ပါ။" သူမက ကဲချင် ကို စောင့်ကြည့်ဖို့ သဘောတူပြီးသည်နှင့် ရှုမင်ကျင်း ထွက်သွားတော့သည်။ ထန်းမိသားစု ညီအကို သုံးယောက်ကတော့ သူတို့၏ ဖုန်းများဖြင့်သာ ကစားနေကြသည်။

ထန်းကျင်းရှန်း ကဆိုလာသည်။ "ငါတို့ရဲ့ အဒေါ်က တကယ်ကို တစ်ခုခုပဲ။ ကဲချင်ကိုထားခဲ့တာ ဘာသဘောလဲ။ ငါတို့က မိုမိုရဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် အားပေးဖို့ ဒီကိုရောက်နေတော့သူ့ကို ကို ငါတို့ ဘယ်လို ဂရုစိုက်နိုင်မှာလဲ"

ထန်းကျင်းယီကဝင်ပြောလာသည်။ "မှန်တယ်။ မိုမိုကို အားပေးဖို့လား ဒါမှမဟုတ် ငါတို့ကို ဒုက္ခတွေ ထပ်ဖြည့်‌ပေးဖို့ ဒီလာတာလား။"

ထန်းကျင်းချီကပါ ဆိုလာ၏ "ကဲချင်ကို စောင့်ကြည့်၊‌ ဖြေတဲ့နေရာကို ပိတ်ထားပြီး အပြင်လူတွေကို ဝင်ခွင့်မပြုပေမယ့် ကဲချင်က မိုမို ကို အားပေးဖို့အတွက်လောက်နဲ့ပဲ ဒီနေရာကို ရောက်လာမယ်မထင် ဘူး။ သူက ဖျက်စီးဖို့ အခွင့်အရေးကို သေချာပေါက် ရှာ‌ နေမှာ။"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now