Chapter 128: ဒီမှာ ငါက ညီမလေးအတွက် ထီးကိုင်ထားပေးမယ်

728 75 0
                                    

UNICODE

"ထန်းမို နင်က ငယ်ပြီး စိတ်ကြီးဝင်ပြီးတော့ ပြိုင်ဆိုင်တဲ့စိတ်ရှိတာ ငါသိတယ်။ ဒါတွေက ဖြစ်ရိုးဖြစ်စဉ်တွေပဲ။ ဒီအခြေအနေက နင့်ကို နောက်ပြန်ဆုတ်ခွင့်မပေးဘူးလို့ နင်ခံစားရကောင်း ခံစားရနိုင်ပါတယ်လေ"" ချင်မုရုန်က ပြောရင်း ကရုဏာသက်သည့်ပုံပေါ်နေသည်။ "ဒါပေမယ့် မာနက အပေါ်ယံပဲလေ။ ဒီပါမောက္ခဘေးမှာ နင် ဘာသင်နိုင်မလဲဆိုတာက အဓိကကိစ္စပဲ"

"ပြီးတော့ ငါက နင့်ကို ညီမလေးတစ်ယောက်လိုဆက်ဆံတာ။ နင်က ငါ့ကို အစ်မလို့ခေါ်တော့ ငါတတ်နိုင်တာ ငါကူညီပေးတာလေ။ နင့်ကို ငါ့လက်အောက်မှာ အညံ့ခံခိုင်းတာမဟုတ်ဘူးလေ" ချင်မုရုန်က ပြုံးရင်း ပြောလာသည်။ "နင်က တကယ်ပဲ အညံ့လိုက်မယ်ဆိုရင်တောင် ငါ့လို အစ်မတစ်ယောက်အောက်မှာ နင် အညံ့ခံတာမို့လို့ ဘယ်သူမှ မရယ်ဘူး"

"အခွင့်အရေးကောင်းကို အမိအရယူသင့်တယ်" ချင်မုရုန်က သူမကို ဆက်ပြီး နားချနေသည်။

ဘေးနားကနေ ကြည့်နေသည့် လင်းဖူရှီတောင် သည်းမခံနိုင်တော့ပေ။

သူမမနေနိုင်ဘဲ ပထမနေ့တုန်းက သူမကိုယ်သူမအား ပြန်တွေးမိသွားသည်။
သူမရော အခုဖြစ်နေတဲ့ချင်မုရုန်လို သနားဖို့ကောင်းလား?
ချင်မုရုန် ဒီလိုဖြစ်နေတာကို သူမ မကြည့်နိုင်တော့လို့ ချင်မုရုန်ကို အမှန်တရား ပြေးပြောချင်နေသည်။

"ထန်းမို" ရုတ်တရက် အမျိုးသားအသံတစ်သံကို ကြားလိုက်ရသည်။

ချင်မုရုန်က လှည့်ကြည့်လိုက်သည်။
ရုတ်တရက် ပိန်ပါးပြီး ခံ့ညားသည့်ကောင်လေးတစ်ယောက် သူ့လက်ထဲမှာ ထီးကိုင်ပြီး ပြေးလာသည်။

"ဘာလို့နေပူထဲရပ်နေတာလဲ? ဒီကိုလာ အစ်ကိုက ညီမလေးကို ထီးဆောင်းထားပေးမယ်" သူ့ရုပ်ရည်က လူတွေကို သူက သိမ်မွေ့ခံ့ညားပြီး စာကြမ်းပိုးပုံစံအမြင်ကို ပေးစွမ်းသည်။ သို့ပေမယ့် သူ့ပါးစပ်ဟလိုက်ချိန်မှာ သူ့အသံက အရမ်းကို စိုးရိမ်သလိုဖြစ်နေသည်။ သူ့ရုပ်ရည်နဲ့ သိသိသာသာကြီးကို ကွာခြားသည်။

သူက ထန်းမိုခေါင်းပေါ် ထီးမိုးပေးထားလိုက်သည်။

ထန်းမို "..."

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now