အခန်း ၁၄: ကိုယ်တိုင်ဝန်ဆောင်မှု

3.8K 556 5
                                    

UNICODE

အမှုမဲ့အမှတ်မဲ့နှင့်ပင် ထန်းမိုက သူတို့ကို ဘတ်စ်ကားအောက်ထဲသို့ ပစ်ထည့်လိုက်သည်။

အဓိက စားပွဲ၌ ထန်းမိုထိုင်တာကို ရှုမင်းကျန်းမြင်လိုက်တော့ ချက်ချင်းဆိုသလို စိုးရိမ်မိသွားသည်။ သူမက ထန်းဝမ်စစ်ကို ပြောလာသည်။ "ကျွန်မ မိုမိုကို ပြန်ခေါ်လာလိုက်မယ်"

"မသွားနဲ့" ထန်းဝမ်စစ်က ရှုမင်းကျန်းကို တားလိုက်သည်။ "ဝေ့ကဲလီ အမှားလိုက်လို့ ဝေ့ကဲလီကိုယ်စား ဝေ့ကျီချင်က တောင်းပန်တဲ့နည်းလည်းဖြစ်လိမ့်မယ်...ကိုယ်တို့က မိုမိုကို ပြန်ခေါ်လိုက်ရင် သူတို့ကို ကိုယ်တို့က ခွင့်မလွှတ်ဘူးဆိုပြီး အထင်လွဲသွားနိုင်တယ်"

ရှုမင်းကျန်းက သက်ပြင်းချလိုက်သည်။ ထန်းမိုရှိတဲ့နေရာဆီသို့ သူမ၏ စိုးရိမ်သည့်အကြည့်များကျရောက်နေသည်။ "မိုမိုတစ်ယောက်ထဲ သူတို့နဲ့အဆင်မပြေမှာကို ကျွန်မက စိတ်ပူတာ... အဲ့မှာရှိနေတဲ့လူတွေကိုလည်း မိုမိုက မသိဘူးလေ...ဝေ့ကျီချင်နဲ့တောင် တစ်ခါပဲဆုံဖူးတာ... မိုမိုကအဲ့မှာရှိနေတော့ ကျွန်မတို့ ဂရုမစိုက်ပေးနိုင်ဘူးလေ"

"ကိုယ်တို့မိုမိုရဲ့ ပင်ကိုစရိုက်လေးက ကောင်းပါတယ်...နှစ်လိုဖွယ်လည်းကောင်းတော့ အဆင်ပြေမှာပါ" ထန်းဝမ်စစ်လည်း စိတ်မအေးပေမယ့်လည်း သူ့ဇနီးကိုတော့ နှစ်သိမ့်ပေးရုံသာ တတ်နိုင်သည်။ "ဝေ့ကဲလီကတော့ ကိုယ်ထင်တယ် ငယ်ချစ်ဦးအဖြစ် အောင်သွယ်ပေးမယ့်အတွေးကို ဖယ်ပစ်လိုက်တာ ကောင်းမယ်"

အဖေလုပ်သူရဲ့စကားကိုကြားတော့ ထန်းကျင်းချီက ချက်ချင်းဝင်ပြောလာသည်။ "မား နောက်ကျရင် မိုမိုကို ဝေ့ကဲလီနဲ့ပေးမကစားနဲ့တော့... သူက ငယ်သေးပေမယ့် သူ့ကိုယ်ကျိုးအတွက် မိုမို့ကို အနိုင်ကျင့်တဲ့သူတွေကိုတောင် ကူညီပေးလိုက်သေးတယ်... မိုမိုက သူ့ရဲ့ငယ်ချစ်ဦးဖြစ်လို့ နောက် လက်ထပ်သွားတဲ့အခါကျ သူ့အကျိုးအတွက် သူ့ဇနီးကို အနိုင်ကျင့်တတ်တဲ့ အကျင့်မကောင်းတဲ့အကောင်က ဘာကောင်းမှာလဲ"

"ထန်းကျင်းချီပြောတာ မှန်တယ်" ထန်းဝမ်စစ်လည်း သဘောတူတဲ့ပုံဖြင့် ပြောလာသည်။ "ကိုယ်တို့ရဲ့အဖိုးတန်သမီးလေးကို ဝေ့ကဲလီ အမှားလုပ်တာတွေ ခွင့်မပြုပေးနိုင်ဘူး"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါTempat cerita menjadi hidup. Temukan sekarang