အခန်း ၁၈ : အရမ်းနုံအတာပဲ

3.8K 588 6
                                    

UNICODE

"မိုမိုက ၆နှစ်ရှိပြီနော်... မူလတန်းစတတ်တော့မှာလား?" ဝေကျီချင်က မေးလိုက်သည်။

ဝေကျီချင်က ဘာလို့ ဒီမေးခွန်းကို မေးတာလဲဆိုတာ ထန်းမိုမသိပေ။ ထန်းမိုက ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ကဲ့ သမီးက ဒီနှစ်ကို မူလတန်းစတတ်တော့မှာ"

"သိပြီ... မိုမို့မိသားစုဆီပြန်လို့ရပြီ" ဝေကျီချင် ဘာကိုတွေးနေလဲဆိုတာ သူမလည်း မသိပေ။ ထန်းမိုကတော့ ဒီအန်ကယ်လေးက အရမ်းထူးဆန်းတာပဲလို့တွေးလိုက်သည်။

သူမလေးက ခုံပေါ်ကနေလျှောဆင်းပြီးသွားတော့မလို့ လုပ်ချိန်မှာ သူမဘေးတွင် ခေါင်းသေးသေးလေးတစ်လုံးပေါ်လာတာကိုတွေ့လိုက်ရသည်။

"မုယဲ့" မဒမ်အိုလည်း သူမလေးကိုမြင်လိုက်သည်။

ချင်မုယဲ့က မတ်မတ်ရပ်လိုက်ပြီးနောက် မဒမ်အိုကို နှုတ်ဆက်လိုက်သည်။ "ဖွားဖွား"

"သမီးစားပြီးပြီလား?အစားအသောက်ကဘယ်လိုနေလဲ" ဝေကျီချင်၏အဖေဖြစ်သည့် ဝေမင်ဝမ်က အပြုံးလေးဖြင့် မေးလိုက်သည်။

"ဟုတ် စားပြီးပြီ သမီးက ထန်းမိုနဲ့ကစားဖို့လာတာ" ချင်မုယဲ့ကပြောလိုက်သည်။

ထန်းမိုက ချင်မုယဲ့ရဲ့နာမည်ကို ကြားထဲက တိတ်တိတ်လေးအကဲခတ်နေသည်။

"ငါနဲ့ကစားဖို့လား?" ထန်းမိုက သူမရဲ့နှာခေါင်းလေးကို ထိုးလိုက်ပြီး သူမရှေ့ရှိ ကောင်မလေးကို ကြည့်လိုက်သည်။

ချင်မုယဲ့က သူမနှင့်ရွယ်တူလောက်သာရှိမည်။ အသားဖြူဖြူ မျက်ခုံးမွေးထူထူနှင့် မျက်လုံးဝိုင်းကြီးတွေဖြင့် သူမလေးက အရမ်းကိုလှသည်။

သူမ၏မျက်နှာတွင် စိတ်ရင်းဖြင့်‌မေးသည့်အမူအရာရှိသည်။

"ဟုတ်တယ်" ချင်မုယဲ့က ခေါင်းငြိမ့်လိုက်သည်။ "ငါက နင့်ကို ပထမဆုံးမြင်လိုက်ထဲက သဘောကျသွားတာ"

ထန်းမိုက သူမရဲ့မျက်နှာသေးသေးလေးကို လက်ဖြင့်ကာလိုက်သည်။ သူမလေး(QMY)က အရမ်းသဘောကျဖို့ကောင်းတာပဲ...

ချင်မုယဲ့က ဒီလိုပြောတော့လည်း သူမက ယုံရတော့တာပေါ့...

"မုယဲ့နဲ့သွားကစားလေ" ဝေကျီချင်က တိုက်တွန်းလိုက်သည်။ "မိုမိုတို့က အသက်တူတူပဲ မုယဲ့လည်း ဒီနှစ်ကို မူလတန်းစတတ်မှာ"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now