Chapter 90: ကောလိပ်ဝင်ခွင့်စာမေးပွဲ အမှတ်

1.6K 240 0
                                    

Translator -Th       Editor - Aster

UNICODE

"မမ ကဲချင်က..."ရှုမင်ကျင်းကအခုထက်ထိရှင်းပြချင်နေတုန်းပင်ဖြစ်သည်။

သို့ပေမဲ့ ရှုမင်ကျန်းကဘာမျှကို နားမထောင်ချင်‌တော့ပေ။"နင်တို့တွေ ပြန်သင့်ပြီ။"

ရှုမင်ကျင်းကရွေးချယ်စရာမရှိဘဲ ယွမ်ကဲချင်ကိုခေါ်ကာ ပြန်ဖို့ပြင်ရတော့သည်။သို့သော်ငြားလည်း သူမပြန်ခါနီးလေးမှာ ရှုမင်ကျန်းကိုပြောလိုက်သေးသည်။"မမ နင်ငါ့ကိုဘယ်လိုပဲသဘောထားပါစေ ငါ့အစ်မအနေနဲ့ ငါနင့်ကိုအမြဲဆက်ဆံမှာပါ။"

ထန်းမိုက ရှုမင်ကျန်းရဲ့ ရွံစရာသဘောထားကို သည်းညည်းမခံနိုင်တော့ပေ။

ကလေးဘဝတည်းကယွမ်ကဲချင်ရဲ့အကြံသမားစိတ်ဓာတ်နှင့် တွက်ချက်တတ်တာတွေက ယွမ်ကျန်းဝမ်ရဲ့ဗီဇကြောင့်ဆိုတာ မလွှဲအမှန်ပင်။

ဒါပေမဲ့ သူမရဲ့အယောင်ဆောင်တဲ့ဘက်အခြမ်းကတော့ အမှန်ပင်ရှုမင်ကျင်းဆီက လာတာဖြစ်သည်။

"အန်တီ" ထန်းမိုကယဉ်ကျေးပျူငှာသည့်အသံအနေအထားဖြင့်ပြောသည်။"သမီးဝမ်းကွဲညီမက သမီးကိုခဏခဏထိခိုက်နစ်နာစေပေမယ့်လည်း သမီးကပြန်ပြီးလက်တုံ့ပြန်မှာမဟုတ်လို့ အန်တီစိတ်ချပြီးနေလို့ရပါတယ်။ သူမနောင်တရလာမယ့်အချိန်ကို သမီးအမြဲစောင့်နေမှာပါ။"

သူမနင်သွားသလိုတောင် ရှုမင်ကျင်းခံစားလိုက်ရသည်။

ထန်းမိုကကြင်ကြင်နာနာပြော‌နေတာမြင်သာနေပေမယ့် ဒါကိုကြားပြီးမသက်မသာဖြစ်သလိုမျိုး သူမဘာလို့ခံစားလိုက်ရတာပါလိမ့်?

ရှုမင်ကျင်းနဲ့ယွမ်ကဲချင်ပြန်သွားပြီးတော့ လီရှန်းရုန်ကထန်းမိုကိုနှစ်သိမ့်ပေးသည်။ "မိုမို အဆင်ပြေပါတယ်။ သမီးပြောသလိုပဲ သူမကအခုထိငယ်‌သေးပြီး ၁၅နှစ်ပဲရှိသေးတာလေ။ နောက်နှစ်မှာ စာမေးပွဲပြန်ဖြေရမယ်ဆိုရင်တောင် သမီးက ၁၆ပဲရှိဦးမှာလေ။ သမီးကအရမ်းတော်တာလေ ဒီတော့ နောက်နှစ်ခါကျ ယွမ်ကဲချင်ရဲ့ အနှောင့်အယှက်မရှိဘဲနဲ့ဆို သမီးကစာမေးပွဲမှာ ကောင်းကောင်းဖြေနိုင်လိမ့်မယ်ဆိုတာ အသေအချာပဲ။"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now