အခန်း ၇ - သမီးအဲ့ဒီကိုသွားလို့မရဘူး

3.8K 562 17
                                    

UNICODE
ယွမ်ကဲချင်က သူမရဲ့အန်တီက အပြင်သွားစရာရှိတာသိရက်နဲ့ သွားတယ်ဆိုတာက တကယ်ကို မယဉ်ကျေးရာကျသည်။

"သမီးမေ့သွားတာ" ယွမ်ကဲချင် လိမ်လိုက်သည်။

"ဒီနေ့အန်တီ့အိမ်မှာ ပြဿနာရှာခဲ့သေးလား" ရှုမင်းကျင်းက ယွမ်ကဲချင်ကို ခေါ်ပြီးမေးလိုက်သည်။

"မရှာခဲ့ပါဘူး" ယွမ်ကဲချင်က ခေါင်းခါလိုက်သည်။

"ဘာလို့ နောက်ကျမှပြန်လာတာလဲ" ရှုမင်းကျင်းက ထပ်မေးလာသည်။

"အန်တီက အစ်ကိုကဲလီအိမ်မှာ ကစားဖို့ ထန်းမိုနဲ့သမီးကို ခေါ်သွားတာ" ယွမ်ကဲချင်က ရှင်းပြလိုက်သည်။

ရှုမင်းကျင်းက အံ့ဩသွားသည်။ "အဲဒါဆို သူများတွေကို ဒုက္ခပေးခဲ့သေးလား"

ရှုမင်းကျင်းကတော့ တစ်စုံတစ်ယောက်ရဲ့အိမ်ကို အသိမပေးဘဲ ပါသွားတာက မယဉ်ကျေးရာကျတယ်လို့ ခံစားမိနေတုန်းပင်...

"မား စိတ်မပူပါနဲ့... သမီး ပြဿနာမရှာပါဘူး...အစ်ကိုကဲလီနဲ့ အန်တီဝေကလည်း သမီးကို အရမ်းသဘောကျတာ"

"အဲဒါဆို မိုမိုကိုရောဂရုစိုက်ရဲ့လား.... သူမလေးကိုရော ညှာရဲ့လား" ရှုမင်းကျင်းက တကယ်ကို သိချင်နေသည်။

အဲဒါကိုလည်း ကြားရော ယွမ်ကဲချင် စိတ်တိုတော့သည်။

ထန်းမိုက သူမထက် အသက်ကြီးတာ အသိသာကြီးကို ဘာလို့ တစ်ချိန်လုံး သူမက ထန်းမိုအပေါ် ညှာပေးနေရမှာလဲ?

ယွမ်ကဲချင်က ရှုမင်းကျင်းမေးတာကို မဖြေဘဲ တခြားဟာဖြေလာစည်။

"အဲ့မှာ အစ်ကိုကဲလီရဲ့အန်ကယ်လေးနဲ့ သမီးဆုံခဲ့တယ်.... သူက သမီးအန်တီတို့မိသားစုက ဝေမိသားစုရဲ့သခင်မကြီးမွေးနေ့တက်ဖို့ ဖိတ်တယ်... သမီးလည်း အဲဒီမှာရှိနေတာကို အန်တီက သမီးကို မွေးနေ့ပွဲမခေါ်သွားဘူးတဲ့"

ယွမ်ကဲချင် မပျော်ပေ... နှုတ်ခမ်းထော်ရင်း ဇောဒကတက်သည်။ "သမီးကို ခေါ်သွားရတာ လွယ်လွယ်လေးကို အန်တီက ငြင်းတယ်... ပြောရရင် သမီးကို အပြင်လူလိုပဲဆက်ဆံတာ သမီးကို လူတွေနဲ့ ပေးမသိစေချင်ဘူးနဲ့တူတယ်... ဝေမိသားစု သခင်မကြီးရဲ့မွေးနေ့ကိုသွားတာ သူဌေးတွေနဲ့ သမီးတွေ့ခွင့်ရရင် သမီးတို့မိသားစုအတွက်လည်း အထောက်အကူဖြစ်မှာကို.... အန်တီက အမြဲ သမီးတို့က မိသားစုလို့ပြောပေမယ့် အခုကျတော့ မိသားစုမဟုတ်တော့ဘူးနဲ့တူတယ်"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now