Chapter 92: သူမအတွက် ယှဉ်ပြိုင်ခြင်း

1.9K 268 7
                                    

Translator- Th      Editor- Aster

UNICODE

ထန်းကျင်းရီက မနေနိုင်ဘဲတတွတ်တွတ်ပြောနေတော့သည်။"ဒါပေမယ့် တစ်ယောက်ယောက်ကစာစီစာကုံးတစ်ပုဒ်ရေးပြီး တခြားသူတွေရဲ့အမှတ်ပြည့်ရနိုင်မဲ့အခွင့်အလမ်းကိုပိတ်ပင်နိုင်တဲ့ ဒီအခြေအနေမျိုးကိုတခြားဘယ်နေရာမှ ငါမမြင်ခဲ့ဖူးဘူး။ဒါပထမဆုံးပဲ"

"မင်းဘာတွေပြောနေတာလဲ?"ထန်းဝမ်စစ်က ထန်းကျင်းရီခေါင်းကိုရိုက်လိုက်ကာ ပြောသည်။"မိုမိုကအရမ်းကြင်နာတတ်လို့ သူမကအခုအပြစ်ရှိသလိုခံစားနေရတာ။သူမအမှားမဟုတ်တာအထင်အရှားကြီးကို ဒါပေမယ့် သူတို့ကလည်းလုံလောက်အောင်ထူးချွန်မနေတာလည်းပါတယ်။"

မင်ယဲ့ချင်: "..."

သူက ဝိဇ္ဇာတွဲဘက်မှာမတော်သော်ငြားလည်း ဒါကြီးကတော့ မညှာတာစတမ်း‌ဝေဖန်နေတာဟု သူခံစားနေရဆဲပင်။

သူတို့ပိုပြီးသက်သက်ညှာညှာပြောသင့်တယ်။

ထိုအချိန်မှာပဲ ဝေကျီချင်ဆီဖုန်းဝင်လာလေသည်။

ဝေကျီချင်ကဖုန်းထုတ်ကာဖြေလိုက်သည်။ "ဘေကျင်းတက္ကသိုလ်ကျောင်းအုပ်ဆီကပဲ။"

ဘယ်သူကမှ ဒီအကြောင်းကိုတွေးတောမနေချေ။

အဆုံးကျရင် ဝေမိသားစုရဲ့အနာဂတ်ခေါင်းဆောင်ဖြစ်လာမဲ့ဝေကျီချင်အနေနဲ့ ဘေကျင်းတက္ကသိုလ်ကျောင်းအုပ်နဲ့အဆက်အသွယ်ရှိတာ အံ့ဩစရာမဟုတ်ချေ။

ဒီအချိန်မှာ ကျောင်းအုပ်ကသူ့ကိုဘာလို့ဖုန်းခေါ်သလဲဆိုတာ ဝေကျီချင်ကခန်းမှန်မိပြီးသားဖြစ်သည်။

"ကျောင်းအုပ်ကြီးမူ"ဝေကျီချင်ကဖုန်းဖြေလိုက်သည်။

"ကျီချင် ဒီနှစ်အမှတ်အမြင့်ဆုံးရတာက ဝိဇ္ဇာတွဲကလို့ ငါအခုပဲသိထားတယ်။ထန်းမိုက ကျီရှားအကယ်ဒမီကကျောင်းသူဆိုတော့ သူကမင်းရဲ့အငယ်တန်းက ကျောင်းသူတစ်ယောက်ပဲပေါ့" ကျောင်းအုပ်ကြီးမူက တခစ်ခစ်ရယ်‌မောရင်းပြောလာသည်။

ထန်းမိုသူ့ဘေးမှာထိုင်နေတာတောင်မှ ထန်းမိုနာမည်ကို တစ်ယောက်ယောက်ကပြောလိုက်တာနဲ့ ဝေကျီချင်ရဲ့နှုတ်ခမ်းထောင့်စွန်းတွေ ကော့တက်လာလေသည်။ "ဟုတ်ပါတယ်"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါOpowieści tętniące życiem. Odkryj je teraz