Chapter 117: ရှိန်လောက်စရာ ပြိုင်ဘက်

1.5K 160 7
                                    

UNICODE

Traslator - HMM Editor - Aster

"ဟုတ်တယ်" ဝေကဲလီက ပြုံးပြုံးလေး ခေါင်းညိတ်ပြပြီး ပြောလာသည်။ "ငါ သူမကို ကောင်းကောင်းသိတာ ပေါ့"

"ဒီနေ့ သင်တန်းပြီးသွားရင်ကော သူ့ကို ငါတို့နဲ့ မိတ်ဆက်ပေးလို့ရမလား" ဟဲဝေချန်က မေးလိုက်သည်။ "မင်းမှာ ထန်းမိုနဲ့ ဒီလောက်ကောင်းတဲ့ ဆက်ဆံရေးရှိပြီး မင်းနှစ်ယောက်လုံး ဘေဂျင်းတက္ကသိုလ်မှာ ရှိနေတာတောင် မင်း နှုတ်ဆက်ဖို့ မသွားနိုင်ဘူးလား"

"ဟုတ်တယ်။ ဒီလိုချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ကို ညီမငယ်တစ်ယောက်လို ဆက်ဆံရရင်တောင် ငါ အရမ်းပျော်နေတုန်းပဲ" ကျန်းဟောင်ရွှန်က ထပ်ပြောလိုက်သည်။

ထန်းမိုက သူ့ကို အစ်ကိုကဲလီလို့ ခေါ်သံကိုသူတို့ကြားချိန်မှာ ဖြစ်သွားကြမည့်သူတို့မျက်နှာကို မြင်ချင်တာကြောင့် ပြုံးပြီး ခေါင်းညိတ်လိုက်တယ်။ "ကောင်းပြီ။"

တစ်ချိန်တည်းမှာပင်၊ ဝေကျီချင်နှင့် အတူတူ ညစာစားဖူးသည့် ဟောင်လွန်ရှင်းနှင့် တခြားကောင်လေးတွေက ကွင်းထဲကို လျှောက်လာသည်။

သူတို့က ဘွဲ့ရပြီးသော်လည်း ထူးချွန်ရမှတ်တွေရဖို့ သူတို့ ကြိုးစားနေရတုန်းပင်။
ဘေဂျင်းတက္ကသိုလ်မှ ဘွဲ့ရကျောင်းသားများသည် သူတို့၏စံနှုန်းများနှင့်ကိုက်ညီသော အလုပ်အကိုင်များကို ရှာဖွေရန် မလွယ်ကူပါ။

ဆက်လက်ကြိုးစားပြီး လေ့လာနေပြီးတော့ အဆင့်တိုင်းမှာ သူတို့ဟာ ထူးထူးခြားခြား အောင်မြင်မှုတွေ ရှိရမည်ဖြစ်သည်။
ထို့ကြောင့် သူတို့လည်း ကျောင်းကို စောစောပြန်ခဲ့ကြသည်။

"ဟင်? အဲ့ကောင်မလေးကို ကြည့်ပါဦး။" ဖန်လီကျန်း က ထန်းမို ရှိရာဘက်ကို ညွှန်ပြပြီးပြောလိုက်သည်။ "အဲ့ကောင်မလေးက ငါတို့ ပြီးခဲ့တစ်ခေါက်က ကျီချင်နဲ့ ညစာစားတုန်းက တွေ့ခဲ့တဲ့ကောင်မလေးမဟုတ်ဘူးလား?"

သူပြောတာကိုကြားတော့ အားလုံးက သူမကို ကြည့်လိုက်ကြသည်။

ပထမနှစ်တွေရဲ့ စစ်ရေးလေ့ကျင့်မှုက မတူသည့်နေရာများတွင် လုပ်သည်။
ဘာကြောင့်လဲဆိုတော့ ကွင်းပြင်တစ်ခုက တစ်ကျောင်းလုံးရဲ့ ပထမနှစ် ကျောင်းသားတွေအတွက် မကြီးလို့ဖြစ်သည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now