Chapter 139: ဒီလောက်အရေထူမယ်လို့ မထင်ထားဘူး

766 101 1
                                    

UNICODE

Translator- Th Editor- Aster

"အရင်ဆုံးပြောရမယ်ဆိုရင် ညီမလွယ်လွယ်လေးနဲ့ လုပ်ပေးလို့ရတယ်ဆိုရင်တောင်မှ အစ်ကို့ကိုညီမကဘာလို့ကူညီသင့်တာလဲ? အစ်ကို့ကိုညီမကဖြင့်သိတောင်မသိတာကို ဘာလို့ကူညီရမှာလဲ? ညီမမကူညီတာနဲ့ပဲ ညီrအပြစ်ဖြစ်သွားရောလား?" ထန်းမိုကအထင်သေးစွာဖြင့်ပြောလိုက်သည်။ "ညီမကအစ်ကို့အမေမှမဟုတ်တာ။ အစ်ကိုကညီမကို အကူအညီတောင်းလိုက်တာနဲ့ပဲ ညီမကကူညီရတော့မှာလား? ကမ္ဘာတစ်ခုလုံးက အစ်ကို့ကိုကူညီပေးဖို့ အကြွေးတင်နေတယ်များထင်နေလား? အစ်ကိုဒီလောက်ထိအရေထူလိမ့်လို့ညီမ မထင်ထားဘူး"

"မင်း!" ဟောင်လွန်ရှင်းကအံ့သြတကြီးဖြင့် ပေါက်ကွဲလာတော့သည်။

ဒီလိုကြမ်းတမ်းတဲ့စကား‌တွေကို ထန်းမိုက အသက်ငယ်ငယ်‌လေးနဲ့ ဘယ်လိုလုပ်ပြောထွက်နိုင်ရတာလဲ?

သူမ ကြမ်းတမ်းတွေစကားတွေ ဘယ်တုန်းကမှမပြောခဲ့ကြောင်း ထန်းမိုက သတိပေးလိုက်ချင်သည်။

သူမဆဲဆိုသည့်စကားတစ်ခွန်းမှမှမပြောခဲ့တာကို။

"ဒုတိယတစ်ချက်အနေနဲ့ ညီမအန်ကယ်လေးက ညီမကိုသူ့တူမတစ်ယောက်လိုမျိုး ပကတိစိတ်ရင်းအတိုင်းဆက်ဆံတာ သူညီမကို ဆက်ဆံတဲ့သ‌ဘောထားအတိုင်း ညီမကလည်း တစ်ပုံစံတည်းပြန်ဆက်ဆံ‌ပေးရမှာလေ" ထန်းမိုရဲ့ပုံစံကယတိပြတ်ဆုံးဖြတ်ထားပုံပေါ်လေပြီး သူမကပြောလာသည် "ညီမအန်ကယ်လေးက ဆုံးဖြတ်ချက်ချလိုက်ပြီဆိုမှတော့ ညီမကအန်ကယ်လေးကို ဘာလို့သွားပြောင်းခိုင်းရမှာလဲ? သူကဆုံးဖြတ်ချက်အမှားတွေမချဘူး။ အစ်ကိုကအမှားလုပ်မိတယ်လို့ ဝန်ခံနေမှတော့ သူမှန်ကန်တဲ့ဆုံးဖြတ်ချက်ချတယ်လို့ဆိုတာပဲ။ သူမှန်နေတာကို ညီမသူ့ကိုမပြောင်းလဲခိုင်းနိုင်ပါဘူး။ ညီမအဲ့လောက်ထိအရေမထူဘူး။သူ့ကိုကျရှုံးအောင် ညီမကဘာလို့လုပ်ရမှာလဲ?

အစ်ကို့အတွက်လား?

အစ်ကိုနဲ့မှမတန်တာ။

"ပြီးတော့ တတိယအချက် ဒါကအဓိကအရေးအကြီးဆုံးပဲ...."

ထန်းမိုက ဟောင်လွန်ရှင်းကို မမှိတ်မသုန်ကြည့်ရင်း မေးလိုက်သည် "အန်ကယ်လေးကဘယ်သူလဲဆိုတာကိုရော သိလား?"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now