အပိုင်း-၁၂၀: အရေထူပြီး stalker လိုအပြုအမူ

1K 141 0
                                    

UNICODE

Translator- HMM Editor- Aster

ဝေကဲလီက သူ့ပါးစပ်ကို ဖွင့်လိုက်သော်လည်း ဆွံ့အသလို ခံစားလိုက်ရသည်။ သူစကားပြောချိန်မှာ သူ့အသံက အနည်းငယ်အက်ကွဲနေသလိုပေါ်နေသည်။ "ငါ အဲ့လိုဆိုလိုတာမဟုတ်ဘူးလေ။ မင်းက အစ်မမုရုန်ပြောတာကို နားလည်မှုလွဲနေတာလို့ပဲ ပြောတာလေ"

သူက ချင်မုရုန် ဘက်မှာ ရှိနေတုန်းပဲ။

ထန်းမိုက ခေါင်းလေးစောင်းကာ မေးလိုက်သည်။ "ဒါဆို အစ်ကိုကဲလီက ညီမကို လူလိမ်လို့ ထင်တာလား"

ဝေကဲလီ: "..."
သူဘယ်လိုဖြေရမလဲ???
ဝေကဲလီ၏ နဖူးနှင့် လက်ဖဝါးများက ချွေးတွေထွက်လာသည်။

ထန်းမိုဟာ လိမ်နေတာလို့ သူမပြောနိုင်ပေ။ ဘာကြောင့်လဲဆိုတော့ သူမပြောခဲ့တာတွေက အမှန်ပါပဲ။

အခုက ချင်မုရုန် ပြောတဲ့စကားတွေက တမင်ရည်ရွယ်သည်ဖြစ်စေ မဖြစ်စေ ဝေကျီချင်က ချင်မုရုန် ကို မကြိုက်ကြောင်းနဲ့ ချင်မုရုန် ပြောသမျှဟာ တစ်ဖက်သတ်ဖြစ်တယ်လို့ ထန်းမို က ပြောခဲ့သည်။

သူမ မလိမ်ကြောင်း ဝန်ခံလိုက်လျှင် ဒီစကားတွေက မှန်တယ်လို့ ဆိုလိုတာဖြစ်သောကြောင့် ချင်မုရုန် သည် ယခုအချိန်တွင် အရှက်ကွဲရမည်ဖြစ်သည်။

သူသည် ချင်မုရုန်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိချင်သေးသောကြောင့် ၎င်းကို သေချာပေါက် မလုပ်နိုင်ပေ။
ထန်းမိုက လူလိမ်လို့ ပြောသင့်သလား။ ထိုအခြေအနေတွင် ဝေကဲလီ အေးခဲသွားသည်။

"မိုမို ဘယ်တော့မှ မလိမ်ဘူး" ထန်းမို ဘယ်တော့မှ မမှားစေမယ့် အသံတစ်ခု ထွက်လာသည်။

ဒီအသံကို သူမကြားလိုက်တိုင်း ထန်းမိုဟာ အလွန်စိတ်သက်သာရာရသွားရသည်။

မကြာသေးမီက သူမသည် ဝေကဲလီအား သူမ၏ ကြည်လင်သော မျက်လုံးကြီးများဖြင့် ဖြေရခက်တဲ့အရာများကိုမေးခွန်းထုတ်နေသေးသော်လည်း ဤအသံကို ကြားပြီးနောက် သူမသည် ရွှင်မြူးသွားကာ မျက်လုံးများ ရုတ်တရက် တောက်ပလာသည်။

သူမသည် အခြားမည်သူ့ကိုမျှ ဂရုမစိုက်တော့ပေ။
"အန်ကယ်လေး!" ထိုအချိန်တွင် ထန်းမို၏ မျက်နှာသည် သူမ၏ နှလုံးသားအတွင်းမှ ပျော်ရွှင်မှု အစစ်အမှန်ကို ပြသပြီး နီမြန်းနေသော သူမ၏ မျက်နှာလေးသည်ပင် ပို၍ နှင်းဆီရောင်သန်းလာသည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now