Chapter(35):အိပ်ယာ တစ်ခုတည်းပေါ်တွင် အိပ်စက်ခြင်း-1

964 167 2
                                    

Zawgyi


Chapter(35):အိပ်ယာ တစ်ခုတည်းပေါ်တွင် အိပ်စက်ခြင်း-1


ကျောက်ကျင့်တစ်ယောက် ထိုညတွင် ကိုယ့်ကိုယ်ကို မလျှော့တမ်း အတင်းအကျပ် နှိုးနေအောင် ပြုလုပ်ထားလိုက်သည်။ သူ့မိဘတွေဆီမှ လှုပ်ရှားမှု တစ်စုံတစ်ရာ မရှိတော့တဲ့အခါ သူတိတ်တဆိတ် ထလိုက်ပြီးတော့ ကျန်းရှန်ရဲ့နေရာဆီကို သွားလိုက်သည်။

သူညနေခင်းဘက်တွင် ကျန်းရှန်အိမ်ဆီ အကြိမ်ပေါင်းများစွာ ရောက်ခဲ့ဖူးပြီးပြီ ဖြစ်တာမို့ မထူးဆန်းတော့ပေမဲ့လည်း ဒီနေ့မှာတော့ အိမ်နား နီးကပ်လာပြီးနောက်မှာ ကျောက်ကျင့်တစ်ယောက် မမျှော်လင့်ထားစွာ ကျန်းရှန်ရဲ့အသံမဟုတ်တဲ့ တခြားအသံတစ်သံကို ကြားလိုက်ရသည်။

ကျန်းရှန်ရဲ့အိမ်ထဲမှာ တစ်ယောက်ယောက် ရှိနေတာများလား?

ဒီနေ့အိမ်ကို ကျောက်ကျင့် ပြန်ရောက်ပြီးနောက်တွင် သူ့မိဘများက အနီးအနားတွင် ရှိနေတာကြောင့် ကျန်းရှန်ကို ကြည့်ရမှာကို သူအရမ်းရှက်ရွံ့နေမိသည်။ ဝမ်ဟိုက်ရှန်းတို့မိသားစုတတွေ ပြောင်းရွှေ့လာတာကို သူမသိခဲ့ပါဘူး။ အခုချိန်တွင် သူအနည်းငယ် စိတ်ရှုပ်ထွေးသွားမိသည်။ နေရာတွင် ကြောင်အစွာ မတ်တပ်ရပ်နေလျက် ဘာလုပ်ရမလဲဆိုတာကို သူမသိတော့ပါဘူး။

ရွာထဲတွင် သူက တခြားလူတွေဆီမှ အမြဲငြင်းပယ်ခံခဲ့ရသည်။ သူတို့တစ်ရွာလုံးတွင် ပိုပြီးရုပ်ဆိုးတဲ့ ကောတွေ မိန်းမတွေဆိုတာ မရှိတော့ပါဘူး။ သူ့ရဲ့ဆယ်ကျော်သက်အရွယ်တွင် စေ့စပ်ကြောင်းလမ်းမှု ဖျက်သိမ်းခံရလိုက်ကတည်းက တခြားလူတွေက စာနာသနားစိတ်တွေ ပြည့်နှက်နေတဲ့ မျက်လုံးတွေဖြင့် သူ့ကို အမြဲကြည့်နေခဲ့တာ ဖြစ်သည်။

သူ့လိုမျိုးလူက ကြိုက်နှစ်မသက်ခံရနိုင်ဘူးလေ။ ကျန်းရှန် . . . သူများ သူ့ကို ငြီးငွေ့သွားပြီလား?

ကျောက်ကျင့်တစ်ယောက် သူ့*ဝမ်းဗိုက်ထဲမှာ လိပ်ပြာတွေ ပျံသန်းနေသလို ခံစားလိုက်ရပြီးတော့ အလွန်စိတ်မသက်မသာဖြစ်နေစဉ် အဲ့အချိန်တွင် ကျန်းရှန်ကတော့ အမှန်တကယ်ပင် စိတ်အနှောင့်အယှက် အနည်းငယ် ဖြစ်နေခဲ့တာ ဖြစ်သည်။ (*စိတ်လှုပ်ရှား ထိတ်လန့်ခြင်း)

TOFUH (BL) [Myanmar Translation]Where stories live. Discover now