Chapter(28):စီရင်စုမြို့ပေါ်မှာ ညီငယ်လေးကို လက်ခံရရှိခြင်း-1

2.3K 445 14
                                    

Zawgyi


ကျောက်ကျင့်တစ်ယောက် ပြတင်းပေါက်ကနေ ကျော်ဆင်းဖို့ ကြိုးစားလိုက်သည်။

ကျေးလက်ဒေသက ပြတင်းပေါက်တွေက အရမ်းကြီးမားကြတာမို့ အမှန်တကယ်ကို တွယ်တက်ဖို့အတွက် အတော်လေး လွယ်ကူပေမဲ့လည်း ကျောက်ကျင့်က ဒီလိုကိစ္စမျိုးကို ပထမဦးဆုံးအကြိမ် ပြုလုပ်ဖူးတာကြောင့် ဖြစ်နိုင်သည်။ သူ့ရဲ့အတွယ်အတက်စကေးက အတော်လေးကို ကျွမ်းကျင်မှုမရှိဘူး ဖြစ်နေသည်။

ကျန်းရှန်တစ်ယောက် သူ့ရဲ့သေးသွယ်တဲ့ခါးလေးကို ကိုင်ထားလိုက်တာမျိုး သူ့ရဲ့တင်ပါးလေးကို ဆိတ်လိုက်တာမျိုး အဲ့လို အဲ့လိုမျိုးလေးတွေ လုပ်ပြီး သွားကူညီပေးလိုက်ချင်ပေမဲ့လည်း ကျောက်ကျင့်တစ်ယောက် သူ့ကို စိတ်ဆိုးသွားပြီးတော့ သူ့ကို လျစ်လျူရှုလိုက်မှာကို ကြောက်ရွံ့မိတာကြောင့် အခုလောလောဆယ်မှာတော့ သူဒါကို အောင့်အီးသည်းခံထားရုံမျှသာ တတ်နိုင်တော့သည်။

ကျောက်ကျင့်တစ်ယောက် ပြတင်းပေါက်ကနေ တွယ်ဆင်းလာပြီးတဲ့အချိန်မှာ ကျန်းရှန်ကသူ့ကို သူ့အိမ်ဆီ ခေါ်သွားလိုက်သည်။

မတိုင်ခင်တုန်းက သူမွှေးခဲ့တဲ့မီးက အပြီးသတ် မငြိမ်းသေးတာကြောင့် ကျန်းရှန်က ကောက်ရိုးနဲ့ ပိုးစာပင်ချောင်းတွေကို မီးထဲ ထပ်ထည့်လိုက်သည်။ မီးပိုပြင်းလာတဲ့အချိန်မှာ သူပိုးစာပင်ချောင်းအချို့ကို ယူလိုက်ပြီးတော့ အဲ့ဒါတွေကို ရွှံ့မီးဖိုအထဲကို ထည့်လိုက်ရင်း အိုးအထဲက ဆန်ပြုတ်ကို အပူပေးဖို့ ပြင်ဆင်လိုက်သည်။

ကျန်းရှန်က သူ့နံဘေးနားမှာ အလုပ်လုပ်နေတဲ့အချိန်မှာ ကျောက်ကျင့်ကသူ့ကို ကြည့်နေရင်း အပြစ်ရှိသလို ထပ်ခံစားလိုက်ရပြန်သည်။ ကျန်းရှန်တစ်ယောက် တစ်ယောက်တည်း စ နေ နေချိန်မှာ သူကသူ့ကို မကူညီပေးနိုင်ရုံတင် သာမကပဲနဲ့ ကျန်းရှန်ကိုလည်း သူ့အတွက် ချက်ပြုတ်ခိုင်းလိုက်သေးသည် . . .

ကျောက်ကျင့်တစ်ယောက် အကူအညီ ပေးလိုက်ချင်ပေမဲ့ ကျန်းရှန်က သူ့ဘာသာသူ တစ်ယောက်တည်း အလုပ်တွေအားလုံးကို လုပ်ပြီးသွားပြီ ဖြစ်သည်။

TOFUH (BL) [Myanmar Translation]Donde viven las historias. Descúbrelo ahora