Chapter(13):ရေချိုငါးကို အတူတကွစားကြခြင်း-1

2.5K 556 4
                                    

Zawgyi

အခုချိန်ကမှောင်နေပြီဖြစ်ပြီးတော့ သိသိသာသာကိုပဲ သူကအရမ်းနီးနီးကပ်ကပ်ရှိနေပေမဲ့လည်း ကျန်းရှန်က​တော့ ကျောက်ကျင့်ရဲ့အသွင်အပြင်ကို ရှင်းရှင်းလင်းလင်းမမြင်ရပါဘူး။ ဒါပေမဲ့မမြင်ရဘူးဆိုရင်တောင်မှပဲ သူအရမ်းပျော်ရွှင်နေမိသည်။

ဒီလိုမျိုး အချိန်တော်တော်ကြာပြီးမှ ကျန်းရှန်တစ်ယောက် နောက်ဆုံးမှာတော့ ချစ်မိသွားပြီဖြစ်သည်။ သူကောင်ငယ်လေးတစ်ယောက်လို ခံစားနေရပြီးတော့ ကျောက်ကျင့်ရဲ့လက်ကိုကိုင်ဖို့အတွက် သူ့လက်ကိုဆန့်ထုတ်လိုက်သည်။ ရလဒ်အနေနဲ့ကတော့ သူကျောက်ကျင့်ရဲ့လက်ကိုမကိုင်မိပေမဲ့ အဲ့အစား အခုထိပူနွေးနေသေးတဲ့ ပန်းကန်တစ်လုံးနဲ့ သွားထိမိသည်။

"မင်းမှာ တစ်ခုခုလုပ်စရာရှိနေတာလား?" ကျန်းရှန်က မေးလိုက်သည်။ "မင်းတစ်စုံတစ်ယောက်ဆီကို စားစရာသွားပေးမလို့လား? ငါမင်းနဲ့အတူလိုက်ခဲ့မယ်။"

"ဒါက မင်းအတွက်။" ကျောက်ကျင့်က သူ့လက်ထဲမှာရှိတဲ့ပန်းကန်လုံးကို ကျန်းရှန်ဆီကမ်းပေးလိုက်သည်။

ကျန်းရှန်ကကျောက်ကျင့်ကို စားစရာတွေပေးခဲ့ဖူးသည်။ တစ်ဖက်တွင် သူကသူ့ရဲ့ကြင်နာမှုကို ပြန်ပေးဆပ်နေတာဖြစ်သည်။ တခြားတစ်ဖက်တွင် သူကကျောက်ကျင့်ကို ကြိုက်နေတာဖြစ်သည်။ ဒါပေမဲ့ကျောက်ကျင့်သူ့ကို တစ်စုံတစ်ခုပြန်ပေးတာကို သူရလိုက်လိမ့်မယ်လို့ တကယ်ကို မမျှော်လင့်ထားမိဘူး။ နောက်ဆုံးမှာတော့ အစကနေအဆုံးအထိတိုင်အောင် သူသူ့ကို ကြက်ဥငါးလုံးနဲ့ ကြက်သားအချို့ကိုသာ ပေးခဲ့ဖူးတာဖြစ်သည်။

"ငါ့အတွက်? ဘာကြီးလဲ?" ကျန်းရှန်မေးလိုက်သည်။

"အဲ့ဒါက ရေချိုငါးတွေ။ မြေကြီးကိုထယ်ထိုးတဲ့အချိန်တုန်းက ငါဖမ်းမိခဲ့တာ။" ကျောက်ကျင့်တစ်​ယောက် အနည်းငယ်ရှက်ရွံ့နေမိသည်။ ရေချိုငါးတွေလိုမျိုးအရာတွေက နေရာတိုင်းမှာ ဖမ်းလို့ရသည်။ လယ်ထဲကရေချိုငါးတွေက တန်ဖိုးမရှိပါဘူး။ ရေချိုငါးရဲ့တန်ဖိုးက သေချာပေါက်ကို ကြက်ဥတွေနဲ့ကြက်သားတွေလောက် မများပါဘူး။

TOFUH (BL) [Myanmar Translation]Where stories live. Discover now