Chapter(27):ညသန်းခေါင်ယံတွင် နံရံပေါ်ကျော်တက်ခြင်း-2

2K 439 15
                                    

Zawgyi



ယန်ကျန်းအတွက်ကတော့ . . .

သူ့လက်ကိုယ်သူ ကြည့်လိုက်ပြီးတော့ ရုတ်တရက် သူ့ရဲ့လှုပ်ရှားမှုတွေက . . . ကျန်းမိသားစုနတ်ဆိုးကြယ်က သူ့ကိုရိုက်နှက်တဲ့အချိန်မှာ ပြုလုပ်တဲ့ အပြုအမူတွေနဲ့ အရမ်းတူညီမှု ရှိနေတယ်ဆိုတာကို တွေ့လိုက်ရသလားလို့လေ?

ကျန်းမိသားစုရဲ့ဂြိုလ်ဆိုးကို စဉ်းစားကြည့်လိုက်မိတော့ ယန်ကျန်းတစ်ယောက် ရုတ်တရက် သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာ နာကျင်မှုတွေကို ခံစားလိုက်ရသည်။ ဒီရက်တွေမှာ နတ်ဆိုးကြယ်ကသူ့ကို အရမ်းကြမ်းကြမ်းတမ်းတမ်း မရိုက်သော်ငြားလည်းပဲ မကြာမကြာတော့ သူက ကန်ကျောက်နေသေးပြီးတော့ သူ့တစ်ကိုယ်လုံးပေါ်မှာ ပွန်းပဲ့ဒဏ်ရာတွေကို ချန်ထားရစ်ခဲ့တာကြောင့် သူ့မှာ ကျန်းမာနေတဲ့အရေပြားဆိုလို့ နည်းနည်းလေးတောင် မရှိတော့ပါဘူး။

သူပင်ပန်းပြီး ဗိုက်ဆာလောင်နေပြီ . . . ဒီနေ့မွန်းတည့်ချိန်မှာ အဲ့ဒီနတ်ဆိုးကြယ်ကသူ့ကို အစားစားခွင့်ပြုခဲ့ပေမဲ့ သူ့ကို အလုတ်သေးသေးလေးသာ စားခိုင်းခဲ့တယ်!

ယန်ကျန်းတစ်ယောက် အိမ်ကို အလျင်အမြန် လမ်းလျှောက်လာပြီးတော့ တခြားဘာတစ်ခုကိုမှ မတွေးတောရသေးခင်မှာ စားသောက်ပြီး အိပ်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။

ယန်မိသားစုက စီရင်စုမြို့ထဲမှာ ခြံဝင်းအသေးလေးတစ်ခု ပိုင်ဆိုင်ထားသည်။ ယန်ကျန်းတစ်ယောက် ခြံဝင်းအထဲကို ဝင်လိုက်တာနဲ့ သူ့ဇနီးသည်က ကြက်တွေကို အစာကျွေးနေတာကို သူမြင်လိုက်ရသည်။

ခြံဝင်းထဲမှာ သူရင်းနှီးနေတဲ့ အဝတ်အစားအမြောက်အမြား ရှိနေပြီးတော့ သူ့ပတ်ဝန်းကျင်က ပစ္စည်းတွေအားလုံးကိုလည်း သပ်သပ်ရပ်ရပ် အစီအရီထားထားသည်။ သူ့ရဲ့အကြီးဆုံးသားက ဒီနေရာမှာမရှိပေမဲ့ လေးနှစ်အရွယ် သားအငယ်လေးကတော့ ထောင့်နားလေးမှာ ထင်းချောင်းအနည်းငယ်နဲ့ ကစားနေသည်။

"ယန်ကျန်း ရှင်ဘယ်တွေ ရောက်နေတာလဲ? ဒီနှစ်ရက်အတွင်းမှာ ဘယ်လိုဖြစ်လို့ ရှင်အိမ်ကိုရော ရုံးတော်ကိုရော မလာရတာလဲ?" ယန်ကျန်းရဲ့ဇနီးသည်က သူ့ကိုမြင်သွားတဲ့အချိန်မှာ သူမလက်ထဲက ကောက်နှံပင်တွေရှိနေတဲ့ ဂေါ်ပြားကို ပစ်ချလိုက်ပြီးတော့ အနားကို လျှောက်လာနေရင်း မေးလိုက်သည်။ "ရှင်လောင်းကစားတွေ ထပ်လုပ်လာပြန်ပြီလား? ရှင်ဘယ်လောက်ရှူံးသွားလဲ?"

TOFUH (BL) [Myanmar Translation]Where stories live. Discover now