Chapter(8):လူတွေကို ရိုက်နှက်ပြီး ကြက်တွေကို သတ်ခြင်း-1

2.8K 594 4
                                    

Zawgyi

ဟယ်ရှီရွာသည် ဆန်နဲ့ငါး​ပေါများသော ကုန်းမြေပေါ်တွင် တည်ရှိသည်။ ဆန်နဲ့ငါးအမြဲတမ်းပေါကြွယ်ဝပြီး သဘာဝ ဒါမှမဟုတ် လူလုပ်ဘေးအန္တရာယ်များလည်း မရှိပေ။ မြို့နဲ့လည်း အရမ်းနီးကပ်သည်။ ဒီမှာနေထိုင်ကြတဲ့လူတွေက မကြမ်းကြုတ်တတ်ကြဘူး။ ရွာသားတွေ အချင်းချင်း ရန်ဖြစ်ရင် အဲ့ဒါကအမြဲတမ်း "မင်းငါ့ကိုတွန်းတယ်။ ငါမင်းကိုပြန်တွန်းမယ်။" ဆိုတာမျိုးတွေပဲ
ဖြစ်သည်။

ကျန်းရှန်က အနားကပ်လာပြီးတော့ သူ့ရဲ့ဂုဏ်အိနြေ္ဒရှိတဲ့ ဒုတိယဦးလေးကို ရိုက်လိုက်သည်။ ဒီလူတွေက မတတ်နိုင်ဘဲ ကြောင်အသွားကြသည်။ ကျန်းရှန်က
ကြံ့ခိုင်သန်မာတဲ့ ယောက်ျားတစ်ယောက်ရဲ့ ဘောင်းဘီခွကြားကို ကန်ပြီးနောက် အဲ့​ယောက်ျားက အဆက်မပြတ် မြည်တမ်းနေတာကို မြင်လိုက်ရတော့ သူတို့အားလုံးရဲ့မျက်နှာတွေ ဖြူဖတ်ဖြူလျော်ဖြစ်သွားကြသည်။

ကျန်းရှန်ရဲ့ခန္ဓာကိုယ်က အခုထိ အပြည့်အဝ ပြန်လည်မသက်သာလာသေးဘူး။ ဒါပေမဲ့အရင်တုန်းက သူမစ်ရှင်တစ်ခုမှာတုန်းကဆိုရင် သူကအပစ်ခံခဲ့ရတာတောင် ဆေးသခင်တွေနဲ့ တိုက်ခိုက်နိုင်နေသေးတုန်းပဲ။ အခုသူက
လယ်သမားအုပ်စုတစ်စုနဲ့ ရင်ဆိုင်နေရတာလေးတင်။ ဒါလေးက ဘာများခက်ခဲနေလို့လဲ?

သူပြင်းပြင်းထန်ထန် မတိုက်ခိုက်နိုင်သေးဘူးဆိုရင်တောင်မှ  သူတစ်ခြားလူတွေရဲ့ အားနည်းချက်တွေကို
အသုံးချလို့ရသေးတာပဲ . . . ခွကြားလိုနေရာမျိုးတွေပေါ့။ မဟုတ်ဘူးလား?

သူစကားပြောပြီးတာနဲ့ ကျန်းရှန်က အဲ့ဒီလူတွေဆီကို
လမ်းလျှောက်သွားလိုက်သည်။ သူ့လက်ထဲကဓားက
အေးစက်စက်အလင်းရောင်နဲ့ ရောင်ပြန်ဟပ်နေသည်။ လူတွေက အလိုအလျောက်ကိုပဲ ခြေတစ်လှမ်းအနောက်ကို ဆုတ်မိတော့မတတ်ပင်ဖြစ်သွားသည်။

သူတို့ရဲ့ဘဝလမ်းကြောင်းက အမြဲတမ်းချောမွေ့နေတာမို့ သူတို့တွေကနာကျင်ရမှာကို ကြောက်ရွံ့ကြပြီးတော့ သေရမှာကိုစိုးရိမ်ကြသည်။ အခုလက်ရှိမှာကျန်းရှန်က သေရမှာကိုမကြောက်တော့တဲ့ လူတစ်ယောက်ဖြစ်နေပြီ။

TOFUH (BL) [Myanmar Translation]Onde histórias criam vida. Descubra agora