Description

29.1K 1.2K 10
                                    

Zawgyi














Unicode

ကျန်းရှန်သည် ရှေးခေတ်ကို ကူးပြောင်းလာပြီးနောက် ဟယ်ရှီရွာ၏ကျန်းရှီဟူရွာမှာရှိတဲ့ မိသားစုတစ်စုလုံးဆီကနေ လျစ်လျူရှုခြင်းကိုခံရတဲ့ ကျန်းအကိုအကြီးဆုံး လူပျိုကြီးတစ်ယောက် ဖြစ်လာခဲ့သည်။

သူက မိသားစုကောင်းကောင်းမှာ မွေးဖွားလာပြီး
(ကျန်းအကိုအကြီးဆုံး)ကျန်းလောင်တသူက တစ်နှစ်ပတ်လုံး အလုပ်များနေပေမဲ့ အစားအစာကိုတော့ လုံလုံလောက်လောက် မစားခဲ့ရပါဘူး။ သူ့ရဲ့ညီငယ်နှစ်ယောက်က ဇနီးတစ်ယောက်စီကို လက်ထပ်ယူနိုင်ပေမဲ့ သူကတော့ ဗိုက်ဆာပြီးသေရတော့မယ်... ကျန်းရှန်
သူသည်းမခံနိုင်တော့ဘူး။

ငါ့ကို ထမင်းမကျွေးချင်ဘူးပေါ့? ကောင်းပြီလေ။ ကြက်ကို ငါ့ဘာသာငါသတ်မယ်။

မင်းတို့က ငါ့ကိုအစာရဲ့အရိပ်လေးကိုတောင် မပေးမြင်ချင်ဘူးပေါ့? ကိစ္စမရှိဘူး။ စပါးကျီတံခါးပေါက်က ငါကန်လိုက်တာနဲ့ ပွင့်သွားမှာပဲ။

ငါက သားသမီးဝတ်မရှိဘူးလို့ မင်းတို့ကပြောတယ်ပေါ့? ကောင်းပြီ။ ငါအခုချက်ချင်း ဓားကိုရွာထဲကို ယူသွားပြီး
လူတွေကို လိုက်ခုတ်ပစ်လိုက်မယ်။ စီရင်စုတရားရုံးကလူတွေ ငါတို့အားလုံးကို ဖမ်းပလေ့စေ။

ကျန်းရှန်က မိသားစုရဲ့အကောင်းဆုံးထုတ်ကုန် အဝတ်အစားတွေကို ယူဆောင်သွားပြီးတော့ ရွာထဲမှာ နိုင်လိုမင်းထက်ပြုတတ်တဲ့ မင်းဆိုးမင်းညစ်အာဏာရှင်တစ်ယောက် ဖြစ်လာသည်။ သူရွာထဲမှာ လက်မထပ်ရသေးတဲ့ ရုပ်ဆိုးဆိုးကောတစ်ယောက်ကိုလည်း မြင်လိုက်သည်။

အနာဂတ်ယောက္ခထီး:"ကျန်းရှန်က အမြဲတမ်း ငါတို့အိမ်နားမှာ လှည့်ပတ်သွားနေတာပဲ။ သူငါတို့အိမ်ကို လုယက်ဖို့ စီစဉ်နေတာများလား?"

အနာဂတ်ယောက္ခမ:"ဘယ်လိုလုပ်ရပါ့မလဲ? ကျင့်လေးက သူ့ကိုရိုက်နိုင်မှာမဟုတ်ဘူး!"

ကျောက်ကျင့် မျက်နှာပူလာရသည်... အဖေ
ကျွန်တော်ဒီနေ့ အိမ်ပြန်ယူလာတဲ့
ယုန်ရိုင်းကသူပေးထားတာ...







TOFUH (BL) [Myanmar Translation]Wo Geschichten leben. Entdecke jetzt