Chapter(11):ရွှံ့တစ်လွှာကို ပွတ်တိုက်ချခြင်း-2

2.7K 589 6
                                    

Zawgyi

ကျန်းလောင်စန်းထားခဲ့တဲ့ သန့်ရှင်းတဲ့အဝတ်အစားတွေကို ပြောင်းလဲဝတ်ဆင်လိုက်ပြီးနောက် သူအများကြီးပိုပြီးခန့်ညားလာတယ်လို့ ကျန်းရှန်ခံစားလိုက်ရပြီး မတတ်နိုင်ပဲ​လေချွန်လိုက်မိသည်။

သူ့လက်ချောင်းတွေနဲ့ သူ့ရဲ့စိုစွတ်နေတဲ့ ဆံပင်တွေကို သူ့ခေါင်းနောက်ကျောဘက်ကို ဖြီးသင်လိုက်ပြီး ကျန်းရှန်တစ်ယောက် သူရေချိုးခဲ့တဲ့အဆောင်ထဲကနေ ထွက်ခွာလာခဲ့သည်။ သူအပြင်ထွက်လိုက်တာနဲ့ချက်ချင်း သူမနက်စောစောစီးစီး အိပ်ရာကနေထလာတဲ့ ကျန်းလောင်ထိုက်နဲ့ဆုံသွားသည်။

ဒီအချိန်မှာ မှောင်နေသေးပြီးတော့ ကျန်းလောင်ထိုက်ကလည်း ရှင်းရှင်းလင်းလင်းမမြင်တာကြောင့် သူမကျန်းရှန်ကို ကျန်းချန်ရှန်းရဲ့အဝတ်အစားတွေနဲ့ ပထမဆုံးမြင်လိုက်တဲ့အချိန်မှာ သူမရဲ့တတိယသားကပြန်လာတာလို့ သူမတွေးမိသွားသည်။ ဒါပေမဲ့မကြာခင်မှာပဲ သူမရဲ့စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ အကြီးဆုံးသားက အခုချိန်မှာ တတိယသားရဲ့အိမ်ထဲမှာ နေနေတယ်ဆိုတာကို သူမမှတ်မိသွားသည်။

ကျန်းလောင်ထိုက်က သူမရဲ့သားအကြီးဆုံးကို ဘယ်တုန်းကမှ နီးနီးကပ်ကပ်မကြည့်ဖူးခဲ့ဘူး။ သူကလေးဘဝကတည်းက သူမကဒီယောက်ျားကို မုန်းတီးနေခဲ့တာဖြစ်သည်။ သူမကတစ်ချက်ကြည့်လိုက်ရုံနဲ့တင်ကို စိတ်ပျက်စရာကောင်းနေပြီလို့ ခံစားခဲ့ရတာဖြစ်သည်။  ပြီးတော့သူမက သူမရဲ့သားအကြီးဆုံးက အရမ်းရုပ်ဆိုးတယ်လို့ပဲ အမြဲတမ်း​တွေးထားခဲ့တာဖြစ်သည်။ ဒါပေမဲ့အခုချိန်မှာတော့ . . .

ရုတ်တရက် သူမရဲ့သားအကြီးဆုံးက ကြည့်ကောင်းတယ်ဆိုတာကို သူမသဘောပေါက်သွားခဲ့သည်။

သူတစ်​နေ့လုံး ခါးကုန်းကုန်းနဲ့မနေတော့ဘူး။ သူ့ကိုကြည့်ရတာ အရပ်ရှည်ပြီးတော့ ဖြောင့်မတ်နေသည်။ သူ့ရဲ့ပင်ကိုဝမ်းနည်းနေတဲ့မျက်နှာကလည်း အပြုံးတစ်ခုနဲ့ဖြစ်သွားတာမို့ သူ့ကိုကြည့်ရတာ တောက်ပနေပုံပေါ်နေသည်။

ဒီယောက်ျားက အမှန်တကယ်ကို သူမရဲ့သားအကြီးဆုံးလား?

ကျန်းလောင်ထိုက် သူမရဲ့နှလုံးသားထဲမှာ တီးတိုးရေရွတ်လိုက်မိသည်။ ဒါပေမဲ့ဒီအ​တွေးက သူမရဲ့စိတ်ထဲမှာတစ်ကြိမ်မျှသာ ပေါ်လာပြီးတာနဲ့ ပျောက်ကွယ်သွားသည်။

TOFUH (BL) [Myanmar Translation]Where stories live. Discover now