Chapter(19):ဆက်လက် တိုက်ခိုက်ခြင်း-1

2K 465 3
                                    

Zawgyi

"အကိုကြီး?" ကျန်းရှန်တစ်ယောက် ငါးတစ်ကောင်သယ်လာတာကို မြင်လိုက်တော့ ကျန်းချန်ရှန်းက သူ့မျက်နှာပေါ်မှာ အံ့အားသင့်မှုတစ်ခုနဲ့အတူ မသေချာမရေရာစွာ အော်ခေါ်လိုက်သည်။ 

သူ့လက်ထပ်ပွဲပြီးလို့ ဒုတိယနေ့တွင် ကျန်းရှန်ရဲ့စိတ်လွတ်ထွက်သွားတာကို သူမြင်ခဲ့ဖူးပေမဲ့ သူအဲ့ဒါကို အရမ်းအလေးအနက်မထားခဲ့မိဘူး။ ဒါပေမဲ့ အခုချိန်မှာတော့ . . . သူ့ရဲ့အကိုအကြီးဆုံးက ကွဲပြားခြားနားတဲ့ လူတစ်ယောက်လိုမျိုးနီးပါး ဖြစ်နေသည်။

ကျန်းချန်ရှန်းတစ်ယောက် ကျန်းရှန်ကို ပထမဆုံးမြင်မြင်ချင်းမှာ အံ့အားသင့်သွားရပြီးနောက် ဒုတိယအကြိမ် ကြည့်လိုက်ချိန်တွင် သူ့ရဲ့အကိုအကြီးဆုံးက သူ့ရဲ့အဝတ်အစားတွေ ဝတ်ဆင်ထားကို သူမြင်လိုက်ရတဲ့အခါ မနှစ်မြို့ဖြစ်သွားမိသည်။

မတိုင်ခင်တုန်းက သူ့ရဲ့အကိုအကြီးဆုံးက သူ့အိမ်ဆီ ပြောင်းရွှေ့သွားတယ်ဆိုတဲ့စကားကို ကျန်းလောင်ထုံဆီကနေ သူကြားခဲ့ရပေမဲ့ ဒီယောက်ျားက သူ့ရဲ့အဝတ်အစားတွေကို ဝတ်ဆင်လိမ့်မယ်လို့ သူမတွေးမိခဲ့ဘူး။ သူ့ရဲ့ပစ္စည်းတွေကို တခြားလူတွေထိတာကို ကျန်းချန်ရှန်း လုံးဝမကြိုက်ဘူး။ ပြီးတော့ အခုချိန်လေးအတွင်းမှာ သူကျန်းရှန်နဲ့ပတ်သက်ပြီး မနှစ်မြို့ဖြစ်မိသွားသည်။

"ချန်ရှန်း အဲ့ဒါက မင်းရဲ့အကိုကြီးလား?" ကျန်းချန်ရှန်းခေါ်လာခဲ့တဲ့ ပြည်သူ့ဝန်ထမ်းတစ်ယောက်လိုမျိုး ဝတ်ဆင်ထားတဲ့ ယောက်ျားက ကျန်းရှန်ကို အပြုံးတစ်ပွင့်နဲ့ ကြည့်လိုက်သည်။

ဒီယောက်ျားရဲ့နာမည်က ယန်ကျန်းဖြစ်ပြီးတော့ သူက အမှန်တကယ်ကို ရုံးတော်အရာရှိတစ်ယောက် ဖြစ်သည်။

ဟယ်ချန်းတိုင်းပြည်က ရုံးတော်အရာရှိတစ်ယောက်ရဲ့ အနေအထားက အခြေခံအားဖြင့်တော့ အဖေကနေသားဆီ မျိုးဆက်တစ်ဆင့်ပြီးတစ်ဆင့် ဆင်းသက်လာခဲ့တာဖြစ်သည်။ ဒီအလုပ်ကြောင့် ဆီအချို့ ဒါမှမဟုတ် ရေအချို့ကို သူလွယ်လွယ်ကူကူ ရနိုင်ခဲ့တာဖြစ်သည်။ ရလဒ်အနေနဲ့ကတော့ ရုံးတော်အရာရှိတွေက အများအားဖြင့်တော့ ကောင်းမွန်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ထားကြပြီးတော့ သူတို့တွေက မကြာခဏ ဒီလိုမျိုးဆက်လုပ်နေကြတာကြောင့် မျိုးဆက်စဉ်ဆက်ကြာပြီးတဲ့နောက်မှာ သူတို့တွေက အ​တော်လေး ချမ်းသာလာကြသည်။

TOFUH (BL) [Myanmar Translation]Where stories live. Discover now