Chapter(18):တန်ပြန်ရေး အစီအစဉ်အတွက် ဆွေးနွေးဆုံးဖြတ်ကြခြင်း-1

2.3K 486 3
                                    

Zawgyi


ကျန်းချန်ရှန်းက စီရင်စုမြို့ပေါ်တွင် နေထိုင်ပြီးတော့ သူ့ကိုယ်သူထောက်ပံ့ဖို့အတွက် ဝင်ငွေလည်း လုံလုံလောက်ရှိတာကြောင့် သူ့ကိုငွေပေးမဲ့အစား ကျန်းလောင်ထုံက စပါးစေ့၊ ပြောင်းစေ့တွေ ဟင်းသီးဟင်းရွက်တွေ၊ ကြက်ဥတွေနဲ့ တခြားအရာပစ္စည်းမျိုးစုံကို မကြာခဏ ပို့ပေးလေ့ရှိသည်။ အဲ့ဒါကြောင့် အဲ့ဒီကျန်းချန်ရှန်းက ဆန်နဲ့အသီးအရွက်တွေအပေါ်မှာ လုံးဝငွေသုံးစရာ မလိုအပ်ခဲ့ဘူး။ သို့သော်လည်း မကြာသေးခင်က ကျန်းမိသားစုဆီမှာ ကိစ္စအမြောက်အမြား ဖြစ်ပျက်သွားခဲ့သည်။ ကျန်းရှန်က နေ့တိုင်းအိမ်မှာ သခင်တစ်ယောက်လိုမျိုး ပြုမူနေပြီးတော့ သူတို့တွေကို တော်တော်လေး ခြောက်လန့်နေတာကြောင့် ကျန်းချန်ရှန်းကို ပစ္စည်းတွေပို့ပေးဖို့ သူတို့မေ့သွားခဲ့သည်။

အခုချိန်မှာ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ပြီးသွားပြီဖြစ်တာကြောင့် ကျန်းလောင်ထုံက သူကျန်းချန်ရှန်းကို ပေးချင်တဲ့ပစ္စည်းတွေကို စတင်ထုပ်ပိုးတော့သည်။

သူအခုချိန်မှာ စပါးစေ့၊ ပြောင်းစေ့တွေကို ပိုပေးဖို့ လိုအပ်နေပြီ။ နိဂုံးချုပ်လိုက်ရင် သူ့ရဲ့တတိယသားက အခုချိန်မှာ ဇနီးတစ်ယောက်ရှိနေပြီဖြစ်သည်။ အဲ့ဒါကြောင့် သူလူနှစ်ယောက် လုံလုံလောက်လောက်စားနိုင်အောင် ပစ္စည်းတွေကို ယူဆောင်သွားဖို့လိုအပ်သည်။ သူဟင်းသီးဟင်းရွက်တွေကိုလည်း များများပိုယူဆောင်သွားရမယ်။ ဒီနှစ်ခုအတွက် တခြားလူတွေဆီကနေ ဒါတွေကိုဝယ်ဖို့ ငွေသုံးရတာကမတန်ဘူး။ အတိတ်မှာတုန်းကဆိုရင် ကျန်းလောင်ထုံ မြို့ပေါ်တက်တဲ့အကြိမ်တိုင်း သူ ငါး၊ ပုစွန်ဆိတ်နဲ့ ကြက်ဥအချို့ကို ယူသွားတတ်ပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဒါတွေအားလုံးမရှိတော့ဘူးဖြစ်သည်။

အိမ်တွင် ကြက်နှစ်ကောင်သာ ကျန်တော့တာဖြစ်သည်။ ကျန်းရှန်က တစ်ကောင်ကို သတ်ခဲ့တာဖြစ်ပြီးတော့ သူကနေ့တိုင်း ကြက်ဥနှစ်လုံးစားမှာ ဖြစ်ကြောင်းကိုလည်း ပြောခဲ့သေးသည်။ ကျန်းချန်ရှန်းအတွက် သူတို့တွေဘယ်နေရာကနေ နောက်ထပ်ကြက်ဥအပိုတွေကို သွားရှာရမှာလဲ?

TOFUH (BL) [Myanmar Translation]حيث تعيش القصص. اكتشف الآن