Chapter(32):ပင်လယ်ဆားနဲ့ ပင်လယ်ထွက်ကုန်များ-2

1.9K 295 14
                                    

Zawgyi


"လောင်တ တကယ်လို့ ခင်ဗျားဒီလုပ်ငန်းမှာ ပါဝင်ချင်တယ်ဆိုရင်တော့ အဲ့ဒါက မခက်ခဲပါဘူး။ ကုန်ပစ္စည်းတွေ ဝယ်ယူဖို့အတွက် ပင်လယ်ကမ်းခြေဘက်ကို သွားဖို့ လှေတစ်စီးကိုသာ ငှါးလိုက်ပါ။ ဒါပေမဲ့ အထူးနည်းလမ်းမရှိရင်တော့ လူတွေက အဲ့ဒါကို ကိုယ်ပိုင်သီးသန့်ဆားတွေကိုရောင်းတဲ့ နည်းလမ်းတစ်ခုအနေနဲ့ မှတ်ယူကြလိမ့်မယ် . . . " ယန်ကျန်းက နှစ်ခါလောက် ရယ်မောလိုက်ပြီးတော့ ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် မင်းအဲ့ကိုသွားတဲ့အချိန်ကျရင် သေချာဂရုစိုက်ပြီးတော့ ဆားတွေကို မထိနဲ့။ သေချာပေါက်ကို မင်းသုံးကီလို၊ ငါးကီလိုလောက် ယူဆောင်သွားရင်တော့ သူတို့တွေ ဂရုစိုက်ကြမှာ မဟုတ်ပါဘူး။"

"မင်းမှာ နည်းလမ်းရှိလား?" ကျန်းရှန်က မေးလိုက်ပြန်သည်။

"ပင်လယ်စာတွေကိုရောင်းတဲ့ လူအချို့ကို ငါသိတယ်။ တကယ်လို့ မင်းသွားချင်တယ်ဆိုရင် မင်းသူတို့တွေနဲ့ ပူးပေါင်းလို့ရတယ်။" ယန်ကျန်းက ပြောလိုက်သည်။ အဲ့ဒီပင်လယ်စာတွေကို ရောင်းချနေကြတဲ့ လူတွေအားလုံးက နည်လှည့်ကုန်သည် အသေးစားလေးတွေ ဖြစ်ကြသည်။ သူတို့တွေက အနည်းဆုံးတော့ ဘေးကင်းရှင်းရေး အကြောင်းပြချက်ကြောင့် ထပ်တိုးလူအမြောက်အမြားနဲ့ အတူတကွ သွားကြရတာကို အရမ်းပျော်ရွှင်ကြသည်။

ကျန်းရှန်က ခေါင်းငြိမ့်ပြလိုက်ပြီးတော့ ယန်ကျန်းနဲ့ ဒီကိစ္စကို အတည်ပြုလိုက်သည်။

အဲ့ဒါပြီးနောက် ကျန်းရှန်တစ်ယောက် ဆေးပေးခန်းဆီ ပြန်လာခဲ့တော့သည်။

ဝမ်ဟိုက်ရှန်းက ဆန်းရှောင်ရှန့်ကို ဂရုစိုက် ပြုစုပေးနေဆဲဖြစ်သည်။ သူသူ့ကို ပေးခဲ့တဲ့ ငွေဒင်္ဂါးအပြားနှစ်ဆယ်က သူ့ရဲ့ဖျားနာမှုကိုကုသဖို့ လုံလောက်သည်။ ကျန်းရှန်ကသူ့ကို နှုတ်ဆက်လိုက်ပြီးတော့ အိမ်အရင်ပြန်ဖို့ စီစဉ်လိုက်သည်။

သူသူ့ကို ငွေပေးထားပြီးတာကြောင့်နဲ့ ဝမ်ဟိုက်ရှန်းရဲ့လှေကို အိမ်ပြန်ယူသွားဖို့ကို သူအလျင်မလိုပါဘူး။ သူဝမ်ဟိုက်ရှန်းရဲ့အကျင့်စရိုက်ကို ယုံကြည်ပြီးတော့ သူယန်ကျန်းကို သူနဲ့အတူ ခေါ်ဆောင်လာပြီးတဲ့နောက်မှာ ဝမ်ဟိုက်ရှန်းက သူ့ငွေတွေကိုယူပြီး ထွက်ပြေးရဲလိမ့်မှာ မဟုတ်ဘူးလို့ သူယုံကြည်သည်။

TOFUH (BL) [Myanmar Translation]Where stories live. Discover now