Chapter(3):ကျန်းမိသားစု၏အိမ်သို့ ပြန်သွားခြင်း-2

2.9K 631 4
                                    

Zawgyi

ကျန်းမိသားစုထဲမှာနေရသည့်သူ့ဘဝက အရမ်းခက်ခဲတာကြောင့် သူကျောက်မိသားစု၏အနေအထားကို
လုံးဝဂရုမစိုက်ပါဘူး။ ကျောက်ကျင့်ကရုပ်ဆိုးပေမဲ့ သူဂရုမစိုက်ပါဘူး။ ဒါပေမဲ့သူ့မှာဒီလိုအကြံညဏ်ရှိနေသော်ငြားလည်း
သူမပြောခဲ့ပါဘူး။ ဒါမှမဟုတ် သူမပြောရဲခဲ့တာလည်းဖြစ်မှာပေါ့။ အဲ့ဒါကြောင့်သူသေဆုံးသွားတဲ့တိုင်အောင် သူကလွဲပြီးဒီအကြောင်းကို ဘယ်သူ့မှမသိသွားခဲ့ကြပါဘူး။

ဒီကျန်းလောင်တ၏ဘဝက နည်းနည်းရှုပ်ထွေးတယ်... ကျန်းရှန်မှတ်ညဏ်တွေကိုပိုပြီးတွေးမိလေ သူပိုပြီးစိတ်အနှောင့်အယှက်ဖြစ်ရလေပဲ။ အဲ့အစားသူကျန်းမိသားစုထဲကဒီလူတွေကို ဂရုမစိုက်တော့ဘူး။ သူ့ပိုင်ဆိုင်မှုတွေကိုထုပ်ပိုးပြီးတာနဲ့ချက်ချင်း သူကျောက်မိသားစုဆီကို တိုက်ရိုက်သွားပြီးတော့ ကျောက်ကျင့်အပေါ်မှာပဲမှီခိုနေတော့မယ်။

သေချာပေါက်ကို ဒါကနည်းနည်းအရှက်မဲ့တာပေါ့... အခုသူ့ကျန်းမာရေးကို ဖြစ်နိုင်သလောက်မြန်မြန် ပြန်ကောင်းမွန်လာအောင်ဂရုစိုက်ဖို့ လိုအပ်နေတုန်းပဲ။ ပြီးမှတစ်ခြားအကြောင်းတွေကို စဉ်းစားတော့မယ်လို့ ကျန်းရှန်ချင့်ချိန်စဉ်းစားလိုက်မိသည်။ တကယ်လို့သူကျန်းမာလာချင်တယ်ဆိုရင် အစားအသောက်ကအရေးအကြီးဆုံးအရာပဲ။

ကျန်းရှန်က နောက်တစ်ဆင့်ဘာလုပ်ရမလဲဆိုတာကို စဉ်းစားနေရင်း​ ကောက်ရိုးအနံ့ကိုရှူရှိုက်ရင်း နောက်ဆုံးမှာတော့ အိပ်မောကျသွားတော့သည်။

ကျန်းရှန်ပြန်နိုးလာတော့ အပြင်ဘက်မှာမှောင်နေပြီဖြစ်သည်။

သူအရင်ကသေဖူးပေမဲ့ ဆန်ပြုတ်တစ်ပန်းကန်သောက်ပြီး
အိပ်ပြီးတဲ့နောက်မှာ သူပြန်လည်​ကောင်းမွန်လာပေမဲ့ သူ့လက်​တွေခြေတွေကတော့ အားနည်းနေသေးတုန်းပဲ... ဒီခန္ဓာကိုယ်ရဲ့တည်ဆောက်ပုံက ကောင်းမွန်ပေမဲ့
အရင်ကအခက်အခဲဒုက္ခတွေအများကြီးကို ဖြတ်သန်းခဲ့ရတာကြောင့် စံချိန်တော့မမှီသေးဘူး။

ကျန်းရှန်ကမတ်တပ်ရပ်ရင်း အသက်ပြင်းပြင်း
တစ်ချက်ရှုလိုက်ပြီး တဲအိမ်အပြင်ဘက်ကိုထွက်လာခဲ့သည်။

TOFUH (BL) [Myanmar Translation]Where stories live. Discover now