Chapter(25):အိမ် ဆောက်ပြီးသွားပြီ။-1 အိမ် ဆောက်ပြီးသွားပြီ။-1

2.2K 450 8
                                    

Zawgyi


ကျန်းရှန်တစ်ယောက် သူ့ရဲ့အိမ်အသစ်ကို ကြည့်ဖို့ဆိုပြီး ထွက်လာခဲ့တာဖြစ်ပေမဲ့ သူ့ရဲ့ရည်ရွယ်ချက် အစစ်အမှန်ကတော့ ကျောက်ကျင့်ကို တွေ့ဆုံဖို့ပါ။

သို့သော်လည်း ကျောက်ကျင့်က ကျောက်ဒါဟူတို့မိသားစုအိမ်မှာ မနက်အစောကြီးကတည်းက အလုပ်သွားလုပ်နေပြီဖြစ်သည်။ နောက်ဆုံးမှာတော့ သူဘယ်သူ့ကိုမှ လုံးဝမမြင်တွေ့ခဲ့ရပါဘူး။ ကျောက်အဖေနဲ့ ကျောက်အမေတို့တတွေကို တောင်မှပေါ့။

ကျောက်ဖူကွေ့ကလည်း ကျောက်ကျင့်လိုမျိုး မနက်အစောကြီးကတည်းက အလုပ်သွားလုပ်နေတာ ဖြစ်ပြီးတော့ ကျောက်လျိုအတွက်ကကျတော့ သူမက အပြင်ထွက်လာဖို့ကို အရမ်းကြောက်လန့်နေတာ ဖြစ်သည်။ သူမက အိမ်တံခါးပေါက်ကို ပိတ်ထားပြီးတော့ ဘယ်တော့မှ သူမအိမ်ထဲကနေ မထွက်ခွာပါဘူး။

သူ့နှုတ်ခေါင်းကို ထိလိုက်မိရင်း ကျန်းရှန်တစ်ယောက် နည်းနည်း ကိုးရိုးကားရားနိုင်သွားသလို ခံစားလိုက်ရပြီးနောက် ရွာသားတွေအတွက် ငါက မကောင်းဆိုးဝါးတစ်ကောင် ဖြစ်လုနီးပါး ဖြစ်နေမှာကို ငါကြောက်မိတယ်လို့ သူတွေးတောလိုက်မိသည်။

ပြောရမယ်ဆိုရင် ဒါကလည်း ယုတ္တိရှိပါတယ်လေ။ လူတွေအများကြီးက အတူတကွစုစည်းပြီး အိမ်တွေဆောက်ကြတဲ့ အချိန်တွေမှာဆိုရင် ရွာထဲကမိန်းမတွေက စကားစမြည်ပြောဖို့ ထွက်လာတတ်ကြပြီးတော့ ကလေးတွေကလည်း ဆော့ကစားဖို့ ထွက်လာတတ်ကြပေမဲ့ တကယ်တမ်း ဒီတစ်ကြိမ်မှာကကျတော့ . . . ကျန်းရှန်တစ်ယောက် သူဒီကိုရောက်လာတဲ့အချိန်မှာ ပတ်ဝန်းကျင်မှာ ကလေးတစ်ယောက် ဒါမှမဟုတ် မိန်းမတစ်ယောက်ကိုတောင် လုံးဝမမြင်မိပါဘူး။

ဒီမှာအလုပ်လုပ်နေကြတဲ့ ယောက်ျားတွေတောင်မှ သူရောက်လာတဲ့အချိန်မှာ အားလုံးအလုပ်ကို ပိုကြိုးကြိုးစားစား လုပ်နေကြပြီးတော့ စကားလုံးတစ်လုံးကိုတောင်မှ မပြောရဲကြပါဘူး။

ဒီလူတွေက အလုပ်ကို ကြိုးကြိုးစားစား လုပ်နေကြတာဆိုတော့ သူသူ့ရဲ့အိမ်အသစ်ဆီကို မနက်ဖြန်တောင် ပြောင်းရွှေ့နိုင်လိမ့်မယ် ထင်သည် . . . ဒီအကြောင်းကို စဉ်းစားလိုက်မိပြီးတော့ ကျန်းရှန်တစ်ယောက် သိပ်မဝေးတဲ့နေရာမှာ အလုပ်တွေလုပ်ဖို့ တခြားလူတွေအတွက် စီမံခန့်ခွဲပေးနေတဲ့ ရွာလူကြီးရဲ့သားအကြီးဆုံး ကျန်းချွမ်ကို မေးလိုက်သည်။ "ငါဒီအိမ်မှာ ဘယ်အချိန်နေနိုင်မှာလဲ?"

TOFUH (BL) [Myanmar Translation]Hikayelerin yaşadığı yer. Şimdi keşfedin