Chapter(32):ပင်လယ်ဆားနဲ့ ပင်လယ်ထွက်ကုန်များ-1

1.3K 252 4
                                    

Zawgyi



"ကိုယ်ပိုင်သီးသန့်ဆား? မင်း-မင်း-မင်း . . . " ယန်ကျန်းတစ်ယောက် ချက်ချင်းကိုပဲ ဖြူဖတ်ဖြူလျော် ဖြစ်သွားပြီးတော့ ရုတ်တရက် သူ့ပါးစပ်ကို ပိတ်လိုက်ပြီး ဘယ်ညာကို လှည့်ကြည့်လိုက်မိသည်။

သူတို့အနီးနားမှာ ဘယ်သူ့မှ မရှိဘူးဆိုတာကို တွေ့လိုက်ရတဲ့အချိန်မှာမှ သူစိတ်သက်သာရာ ရသွားမိပြီးနောက် ပြောလိုက်သည်။ "မင်းရူးနေတာလား? ဒါက ခေါင်းဖြတ်သတ်ခံရမဲ့ သေဒဏ်ပြစ်မှုကြီးနော်!"

လူတိုင်းက ကိုယ်ပိုင်သီးသန့်ဆားကို ဝယ်ယူကြလိမ့်မယ် ဆိုပေမဲ့လည်း ကိုယ်ပိုင်သီးသန့်ဆားကို ရောင်းချမဲ့ အကြံညဏ်ကတော့ . . .

"ငါသိတယ်။" ကျန်းရှန်က ပြောလိုက်သည်။ "အဲ့ဒါကြောင့် မင်းဆီကနေ အခြေအနေတွေကို ငါသိချင်နေတာ။" ကျန်းရှန်မှာ ​ရှေးခေတ် ကိုယ်ပိုင်သီးသန့်ဆားလုပ်ငန်းနဲ့ ပတ်သက်ပြီး ဗဟုသုတအချို့ ရှိသည်။

ဘာမင်းဆက်ပဲဖြစ်ဖြစ် ဘာမျိုးဆက်ပဲဖြစ်ဖြစ် ကိုယ်ပိုင်သီးသန့်ဆားလုပ်ငန်းက ကျယ်ပြောလှသည်။ တစ်ခြား ဘာနည်းလမ်းမှမရှိပါဘူး။ တရားဝင်ဆားက အမြဲတမ်းကို အရမ်းဈေးကြီးသည်။

သူတို့တွေက ပင်လယ်ကမ်းခြေပေါ်မှာ နေကြပြီး တရားဝင်ဆားတစ်ကီလိုကို ကြေးပဲနိအပြားလေးဆယ်နဲ့ ရောင်းချကြသည်။ တရားဝင်ဆား အရည်အသွေးကလည်း မကောင်းပါဘူး . . . အဲ့ဒါဆိုရင် ကုန်းတွင်းပိုင်းကျတဲ့ ဒေသတွေမှာဆိုရင် ဘယ်လိုလုပ်မလဲ?

အရင်တုန်းက ကျန်းရှန် သမိုင်းစာအုပ်တွေ ဖတ်တုန်းကဆိုရင် ဒေသခံအရာရှိအချို့က ဆားတစ်ကီလိုကို ငွေဒင်္ဂါးနှစ်ပြားနဲ့ ရောင်းချကြတဲ့ မှတ်တမ်းကို သူတွေ့ဖြစ်ခဲ့သည်။ သာမန်ပြည်သူတွေက ဆားကို လုံးဝမစားသုံးနိုင်ကြပဲ လူတိုင်းက ကိုယ်ပိုင်သီးသန့်ဆားတွေကိုပဲ ဝယ်ယူနေကြတာ အံ့သြစရာ မဟုတ်တော့ပါဘူး။

သေချာပေါက်ကို သူကိုယ်ပိုင်သီးသန့်ဆား ရောင်းချတဲ့အကြံညဏ် ထွက်ပေါ်လာခဲ့သော်ငြားလည်းပဲ သူအခုချက်ချင်း အကောင်အထည်ဖို့ မစီစဉ်ထားသလို ဒီလမ်းကြောင်းပေါ်ကို မျက်စိစုံမှိတ်လျှောက်ဖို့ မစီစဉ်ထားပါဘူး။ သူ့ရဲ့ကိုယ်ပိုင်အရည်အချင်းနဲ့ ကနဦးငွေကြေးအချို့ရရှိတာက ပိုအဆင်ပြေတယ်ဆိုတာကို သူသိတယ်။ အခုလောလောဆယ်မှာ ကိုယ်ပိုင်သီးသန့်ဆားကို ရောင်းချခြင်းမှ အကျိုးအမြတ်အကြီးကြီးရဖို့က မဖြစ်နိုင်ပါဘူး။

TOFUH (BL) [Myanmar Translation]Where stories live. Discover now