Chapter(2):အဲ့ကောင်လေးက ကြည့်ကောင်းတယ်။-1

3.4K 689 21
                                    

Zawgyi

ဒီမှတ်ညဏ်တွေကို လက်ခံရရှိပြီးနောက် ကျန်းရှန်သူ့ရဲ့စိတ်ထဲမှာတင်းကျပ်သွားပြီးတော့ မျိုလည်းမမျိုချနိုင်သလို ထွေးလည်းမထွေးထုတ်ပစ်နိုင်တဲ့ အော်ကလီဆန်စရာခံစားချက်မျိုးကို ခံစားလိုက်ရသည်။ 

ဒီကျန်းမိသားစုကတကယ်ကို စိတ်တိုစရာကောင်းလွန်းတယ်။ မိသားစုရဲ့အလုပ်တွေအားလုံးကို ကျန်းလောင်တကိုပဲ အကုန်လုံးလုပ်ခိုင်းထားတာတောင်မှ သူတို့တွေကသူ့ကိုကျိန်ဆဲနေပြီးတော့ ကံမကောင်းစေတဲ့ကြယ်လို့
တွေးနေတုန်းပဲ။

ဒီကျန်းရှန်ဝေ့ကလည်း အသုံးကိုမကျဘူး။
သူကနှစ်ဆယ့်ခြောက်နှစ်ပြည့်နေပြီဖြစ်တဲ့ ယောက်ျားတစ်ယောက်ဖြစ်နေတာတောင်မှ ဖိနှိပ်ခံနေရပြီးတော့
ဘယ်လိုခုခံကာကွယ်ပြောဆိုရမလဲ ဆိုတာကိုမသိဘူး! သူအိမ်အလုပ်တွေအားလုံးကို လုပ်နေရတယ်ဆိုတာကို သူတို့အားလုံးသိတယ်။ သူ့ရဲ့အစာအိမ်လေးကိုဖြည့်ဖို့် သူစားစရာလေးကိုတောင် မရနိုင်တော့ဘူးလား? တကယ်လို့မင်းပြန်မခုခံတတ်ဘူးဆိုရင်တောင် မင်းရက်အကြာကြီးဗိုက်ဆာခံနေခဲ့ရရင် တစ်စုံတစ်ယောက်မင်းဘေးနားကနေ ဖြတ်သွားတာကိုမြင်တာနဲ့ အော်ဟစ်အကူအညီတောင်းသင့်တယ်လေ။ အဲ့လိုဆိုမင်းဘဝကို မဆုံးရှူံးရတော့ဘူးပေါ့!

ဗိုက်ဆာတာကို လုံးဝသည်းမခံနိုင်တဲ့ကျန်းရှန်ကတော့ ကျန်းလောင်တရဲ့ပြုမူပုံတွေကို နားမလည်နိုင်ဘူး။
ဒါပေမဲ့သူအချိန်ခဏလောက်ကြာအောင် ဒေါသထွက်ပြီးနောက် သူတိတ်ဆိတ်ငြိမ်သက်သွားသည်။ 

ဒီကျန်းလောင်တကပြန်မခုခံချင်တာမဟုတ်ဘဲနဲ့ တကယ်ကသူ့စိတ်ထဲမှာ စိတ်ရောဂါပြဿနာတွေကိုခံစားနေရတာလို့ သူခန့်မှန်းမိသည်။  ဒါကအဓိကအကြောင်းပြချက်ဖြစ်မယ်။

ကျန်းရှန်ကစိတ်ရောဂါတွေနဲ့ပတ်သက်ပြီး သိပ်မသိပေမဲ့
သူသေသေချာချာတွေးကြည့်ပြီးနောက်  ကျန်းလောင်တရဲ့အပြုအမူတွေကနေ  စိတ်ကျရောဂါကိုခံစားနေရမှန်း  သိသာထင်ရှားတဲ့ရောဂါလက္ခဏာတွေ အများကြီးကို ရှာတွေ့လိုက်သည်။ 

အချိန်အကြာကြီးအသက်ရှင်လာခဲ့တဲ့ ကြမ်းတမ်းရက်စက်တဲ့ လူအိုကြီးကျန်းရှန်ကတော့ "စိတ်ကျရောဂါ" ရဲ့ခံစားချက်တွေကို နားမလည်ပေမဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့တော့ သူကမရင်းနှီးတာမဟုတ်ပါဘူး။
စိတ်ရောဂါအထူးကုနဲ့တောင် သူတွေ့ဖူးတယ်။

TOFUH (BL) [Myanmar Translation]Where stories live. Discover now