Chapter(21):ငါဒီမိသားစုဆီကနေ ခွဲထွက်ချင်တယ်။-2

2.4K 516 7
                                    

Zawgyi

ဟယ်ရှီရွာတွင် မိသားစုပိုင်ဆိုင်မှုတွေကို ခွဲဝေရာမှာ မိဘတွေအတွက် ဘာစည်းမျဉ်းမှမရှိပါဘူး။ သူတို့ရဲ့သားတွေက တခြားမိသားစုရဲ့ဆွေမျိုးတွေ ဖြစ်သွားတဲ့အချိန်မှာ သူတို့တွေက သူတို့ရဲ့မိသားစုတွေကို ပိုင်းခြားလိုက်ကြသည်။ ဒါပေမဲ့ မိသားစုတစ်စုမှာ သားတွေအမြောက်အများ ရှိနေတဲ့အချိန်ကျရင် မိသားစုပိုင်ဆိုင်မှုတွေကို ဝေစုအမြောက်အများ ခွဲဝေကြရသည်။ ထို့နောက် သူတို့တွေက သူတို့ရဲ့သက်ကြီးရွယ်အိုတွေကို သားတစ်ယောက်စီက စားစရာဘယ်လောက်နဲ့ ငွေဘယ်လောက်ပေးရမယ် ဆိုတာကိုသာ စည်းမျဉ်းတွေ ချမှတ်ထားကြတာ ဖြစ်သည်။

ဒီစည်းမျဉ်းတွေအရ ခွဲဝေပြီးတဲ့အချိန်ကျရင် ကျန်းရှန်က လယ်ကွက်ငါးမြူနဲ့ ကုန်းမြေခြောက်မြူ ဒါမှမဟုတ် ခုနှစ်မြူလောက်ကို ရရှိနိုင်သည်။ တကယ်လို့ ကျန်းလောင်ထုံနဲ့သူ့ဇနီးက ငွေတွေကိုပါ မခွဲဝေပေးဘူးဆိုရင်တောင်မှ မြေကွက်တွေအများကြီးကကို ငွေအမြောက်အမြား တန်ဖိုးရှိနေပြီဖြစ်သည်။

"လောင်တ မင်းက လက်တောင်မထပ်ရသေးဘူးလေ။ မင်းဒီလိုမျိုး လုပ်လို့မရဘူး။" ကျန်းလောင်ထုံက အသံနိမ့်နိမ့်လေးနဲ့ ပြောလိုက်သည်။ ရွာထဲက လူပျိုကြီးတွေအားလုံးက သူတို့ရဲ့ညီအစ်ကိုတွေနဲ့အတူတူ နေထိုင်ကြတာဖြစ်သည် . . . သေချာပေါက်ကို အဓိကကတော့ သူကျန်းရှန်ကို မြေကွက်တွေပေးရမှာကို တွန့်ဆုတ်နေလို့ဖြစ်သည်။ ဟယ်ချန်းတိုင်းပြည်ရဲ့ ဒီဘက်အပိုင်းက မြေကွက်တွေရဲ့ဈေးနှုန်းက ဈေးနှုန်းမြင့်သည်။ လယ်ကွက်တစ်မြူကို ငွေဒင်္ဂါးနှစ်ဆယ့်နှစ်ပြား ဒါမှမဟုတ် ဒီထက်ပိုပြီးတော့တောင် ရောင်းထွက်ပြီးတော့ ကုန်းမြေတစ်ကွက်ကို အနည်းဆုံး ငွေဒင်္ဂါးတစ်ဆယ့်ငါးပြားနဲ့ ရောင်းထွက်နိုင်သည်။ ကျန်းရှန်က ဒီလိုမျိုးဝေစုအကြီးကြီးကို လိုချင်နေတာက ရိုးရိုးရှင်းရှင်းကိုပဲ တော်တော်တရားလွန်သွားပြီ!

ကျန်းလောင်ထိုက်က ပိုပြီးတော့တောင် တွန့်ဆုတ်နေသည်။ သူမရဲ့အမြင်အရဆိုရင် ကျန်းရှန်ကို သူမမွေးထားတာကြောင့် သူ့ကိုရိုက်နှက်ပြီး သတ်ပစ်လိုက်မယ် ဆိုရင်တောင်မှ ဒါက သူမရဲ့လုပ်ပိုင်ခွင့်ဖြစ်သည်။ ဘာလို့သူမက သူ့ကို တစ်ခုခုပေးရမှာလဲ? ဒါပေမဲ့ သူမဘာတစ်ခုကိုမှ မပြောနိုင်သေးခင်မှာပဲ ကျန်းချန်ရှန်းက သူမရဲ့ပါးစပ်ကို အုပ်ထားလိုက်သည်။

TOFUH (BL) [Myanmar Translation]Where stories live. Discover now