Chapter(31):ဆေးကုသမှုခံယူဖို့အတွက် စီရင်စုမြို့ပေါ်တက်ခြင်း-1

1.3K 287 2
                                    

Zawgyi



ကျန်းရှန်က မျက်မှောင်ကြုပ်လိုက်ပြီးနောက် မေးလိုက်သည်။ "မင်းရဲ့ခင်ပွန်းက ဘာဖြစ်လို့လဲ?" သူဒီလူကို ဒီရက်တွေမှာ အကြိမ်ပေါင်းများစွာ မြင်ဖူးသည်။ မြစ်ကမ်းနံဘေးနားမှာ ပုစွန်ဆိတ်ကလေးတွေကို ဖမ်းနေကြတဲ့ သူ့ရဲ့ကလေးနှစ်ယောက်ကိုလည်း သူမြင်ဖူးပေမဲ့ သူ့ခင်ပွန်းသည်ကိုတော့ သူတစ်ခါမှ မမြင်ဖူးဘူး။ မမျှော်လင့်ထားစွာနဲ့ပဲ သူက သေအံ့ဆဲဆဲဖြစ်နေခဲ့တာပဲ။

"ဖျားနေတာ။" အဲ့ယောက်ျားက သူ့ရဲ့မျက်နှာကို ထပ်ထိလိုက်ပြီးတော့ သူ့မျက်ရည်တွေနဲ့ရောနေတဲ့ မိုးရေတွေကို သုတ်ပစ်လိုက်သည်။

တံငါသည်တွေဘဝရဲ့နေ့ရက်တွေက အမှန်တကယ်မှာတော့ သိပ်မကောင်းမွန်လှပါဘူး။

သူတို့မှာ သူတို့ကိုယ်ပိုင်မြေကွက်တွေ ဒါမှမဟုတ် နေထိုင်စရာနေရာတွေ မရှိပါဘူး။ သူတို့တွေက ငါးတွေကိုဖမ်းပြီးတော့ ရောင်းချရင်း ငွေရှာနိုင်ကြသော်ငြားလည်းပဲ သူတို့တွေရဲ့ဝင်ငွေက အမှန်တကယ်မှာတော့ အတော်လေး နည်းပါးပြီးတော့ သူတို့တွေကို တစ်နေ့စာတစ်နေ့ ထောက်ပံ့ပေးနိုင်ရုံသာ ရှိသည်။ သူတို့တွေ နေမကောင်းဖြစ်သွားတာနဲ့ချက်ချင်း သူတို့တတွေ ထိုင်စောင့်ဆိုင်းနေကြရုံသာ တတ်နိုင်ပေသည်။

အစကတော့ သူ့ခင်ပွန်းသည်က ဗိုက်အောင့်ဗိုက်နာ ဖြစ်နေရုံလေးပါ။ ပြီးတော့ သူဒီကိစ္စကို အလေးအနက်မထားခဲ့မိဘူး။ ရလဒ်အနေနဲ့ကတော့ ဒီရက်တွေမှာ သူက အော့အန်နေခဲ့ပြီးတော့ ကိုယ်အပူရှိန်လည်း တက်လာခဲ့သည်။ ပြီးတော့ သူအရမ်းလည်း ပိန်လာခဲ့သည် . . .

မနေ့တုန်းက နေသာနေတဲ့အချိန်မှာ သူ့ရဲ့စုဆောင်းငွေတွေအားလုံးကို သူယူထုတ်လိုက်ပြီးတော့ သူ့ကို သမားတော်တစ်ယောက်ဆီ ပြဖို့ခေါ်သွားခဲ့သည်။ ရလဒ်အနေနဲ့ကတော့ သူ့ကို ကုသဖို့အတွက် အနည်းဆုံး ငွေဒင်္ဂါးအပြားနှစ်ဆယ် ဒါမှမဟုတ် အပြားသုံးဆယ် ကုန်ကျလိမ့်မယ်လို့ သမားတော်က ပြောခဲ့ပေမဲ့လည်း ဒါက အလုပ်ဖြစ်လိမ့်မယ်လို့ သူအာမခံချက်မပေးနိုင်ခဲ့ပေ။ ပြီးတော့ တကယ်လို့ သူတို့တွေ သူ့ရဲ့ဖျားနာမှုကို မကုသနိုင်ခဲ့ဘူးဆိုရင် သူတို့တတွေ သူ့ရဲ့သေခြင်းတရားကို စောင့်ဆိုင်းနေရုံသာ ရှိတော့သည်။

TOFUH (BL) [Myanmar Translation]Où les histoires vivent. Découvrez maintenant