Chapter(29):ဘဲ ငါးကောင်-1 ဘဲ ငါးကောင်-1

2.2K 395 9
                                    

Zawgyi


ကျန်းချန်ရှန်းက သူ့အနောက်ကို လိုက်နေသည်။ ကျန်းရှန်က ဒါကိုသိပါတယ်။ ကျန်းချန်ရှန်းရဲ့မျက်နှာ အရုပ်ဆိုးလာတာကို သူမြင်လိုက်ရတဲ့အချိန်မှာ သူအရမ်း စိတ်အခြေအနေ ကောင်းသွားခဲ့သည်။

ကျန်းလောင်တရဲ့ ညီငယ်နှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ကျန်းချန်ဝမ်းက ကျန်းလောင်ထုံ စစ်တပ်ထဲကနေ ပြန်လာပြီးတဲ့နောက်မှာ ပထမဦးဆုံး မွေးဖွားလာခဲ့တဲ့သူ ဖြစ်သည်။ ကျန်းလောင်ထိုက်က ကျန်းချန်ဝမ်းကို အရမ်းချစ်သည်။ သူမကသူ့ကို ကိုယ်တိုင်ကိုယ်ကျ ပြုစုစောင့်ရှောက်ခဲ့ပြီးတော့ အသက်ငယ်ငယ်လေးကတည်းကနေ သူလိုချင်တာမှန်သမျှကို ပေးခဲ့သည်။

အဲ့ဒါတွေကြောင့်ပဲ ကျန်းချန်ဝမ်းက အရမ်းပျင်းရိလာခဲ့ပြီးတော့ ဘာတစ်ခုကိုမှ မလုပ်တတ်တော့ပါဘူး။ အတိတ်မှာတုန်းကဆိုရင် သူက ကျန်းလောင်တကို အော်ဟစ်ပြောဆိုလေ့ရှိပြီးတော့ သူ့ကိုလည်း အလေးအနက် မထားခဲ့ပေမဲ့လည်း အဲ့ဒါက ကျန်းလောင်တကို ဝမ်းမနည်းသွားစေခဲ့ပါဘူး။ အဆုံးသတ်မှာတော့ သူက ဒီလိုမျိုးဆက်ဆံခံခဲ့ရတာကို ကျင့်သားရနေပြီ ဖြစ်သည်။

ဒါပေမဲ့ ကျန်းချန်ရှန်းကတော့ မတူပါဘူး။

ကျန်းလောင်ထိုက်က ကလေးနှစ်ယောက်စလုံးကို ပြုစုမစောင့်ရှောက်ပေးနိုင်ပါဘူး။ ကျန်းချန်ရှန်းကို မွေးဖွားပြီးတဲ့နောက်မှာ သူမက သူ့ကို ဘယ်သူနဲ့မှ နီးနီးကပ်ကပ်မနေခဲ့ဖူးတဲ့ ကျန်းလောင်တဆီ ပေးခဲ့သည်။ သူက သူ့ညီငယ်လေးကို အရမ်းသဘောကျခဲ့သည်။ သူလုပ်နိုင်သမျှအကောင်းဆုံး သူ့ကို ပြုစုစောင့်ရှောက်ခဲ့သည်။

အဲ့အချိန်မှာတုန်းက ကျန်းလောင်တက အသက်ရှစ်နှစ်အရွယ်သာ ရှိသေးသော်ငြားလည်းပဲ သူက အာဟာရချို့တဲ့ခြင်းကြောင့် အလွန်အမင်း ပိန်ပါးနေခဲ့တာတောင်မှ သူက အလွန်သိတတ်ပြီးတော့ ကျန်းချန်ရှန်းကို ထမင်းကျွေးတာတို့ သူ့ကလေးအနှီးတွေကို လျှော်ဖွတ်ပေးတာတို့လိုမျိုး စတဲ့အလုပ်တွေကို ကောင်းကောင်းမွန်မွန် လုပ်ပေးခဲ့သည်။ ကျန်းချန်ရှန်းက သူနဲ့အတူအိပ်ခဲ့တာ ဖြစ်ပြီးတော့ ညအချိန်မှာ သူအကြိမ်ရေအနည်းငယ်လောက် ငြီးငြူလိုက်တာနဲ့ချက်ချင်း ဘယ်လောက်ပဲ ချမ်းအေးတဲ့အချိန် ဖြစ်နေပါစေ သူအိပ်ရာထပြီးတော့ ကျန်းချန်ရှန်းကို သေးတည်ပေးခဲ့တာ ဖြစ်သည်။ ဒီကိစ္စက ကျန်းချန်ရှန်းတစ်ယောက် အသက်လေးနှစ်၊ ငါးနှစ်အရွယ် ရောက်တဲ့အချိန်ထိတိုင် ကြာမြင့်ခဲ့တာ ဖြစ်သည်။

TOFUH (BL) [Myanmar Translation]Where stories live. Discover now