Chapter(21):ငါဒီမိသားစုဆီကနေ ခွဲထွက်ချင်တယ်။-1

2.3K 509 7
                                    

Zawgyi

ဟယ်ရှီရွာကလူတွေက ကျန်းရှန်ကြောင့် ကြောက်လန့်သွားကြသည်။

သူတို့တွေထဲက တစ်ချို့က ရဲ့ရင့်ပြီး ရက်စက်တတ်ကြပေမဲ့ ဘယ်သူမှ ကျန်းရှန်လိုမျိုး အကျိုးအကြောင်း မစဉ်းစားတတ်ကြတာတော့ မဟုတ်ပါဘူး။

ရုံးတော်ကို သွားရမယ်? သူဒီအကြောင်းကို ဘယ်လိုတောင် တွေးရဲရတာလဲ!

ကျန်းရှန်ရဲ့စိတ်နေသဘောထားက ပြောင်းလဲသွားပြီဆိုတာကို ဟယ်ရှီရွာက ရွာသားတွေ တွေ့လိုက်ကြရသည်။ သူတို့တွေ သူ့ကို ထပ်ရန်မစရဲကြတော့ပါဘူး။ အဲ့ဒါကြောင့် သူတို့တွေ ဒီကိစ္စထဲ ပါဝင်ပတ်သက်သွားမှာကို ရှောင်ရှားဖို့အတွက် သူနဲ့ဝေးဝေးမှာသာ နေချင်ကြတော့သည်။

"ကျန်းလောင်တ တကယ်လို့မင်းမှာ တစ်ခုခုပြောချင်တာရှိရင် . . . " ဟယ်ရှီရွာရဲ့ရွာလူကြီး ကျန်းဖျင်က ညင်သာတဲ့လေသံနဲ့ ပြောလိုက်သည်။ ကျန်းရှန်က ရူးသွပ်ပြီး စိတ္တဇတစ်ယောက်ဖြစ်နေပြီလို့ အမှန်တကယ်ကို သူတွေးတောမိနေပြီ ဖြစ်သည် . . . သူတို့တွေသူ့ကို သွားမရှုပ်တာ ပိုကောင်းမယ်။

"ငါပြောချင်တာတွေကို မင်းတို့ကို ပြောပြီးပြီ မဟုတ်လား?" ကျန်းရှန်က သူ့အရှေ့မှာရှိတဲ့လူတွေကို ခင်မင်ရင်းနှီးတဲ့ နည်းလမ်းမျိုးနဲ့ ပြုံးပြလိုက်သည်။

ဒါပေမဲ့ ဟယ်ရှီရွာရဲ့ဒီရွာသားတွေကတော့ သူ့ရဲ့အပြုံးထဲမှာ ခင်မင်ရင်းနှီးလိုစိတ်ကို လုံးဝရှာမတွေ့ခဲ့ကြပါဘူး။ ပြီးတော့ ဒီအပြုံးက ကြောက်ရွံ့စရာကောင်းတယ်လို့ သူတို့တွေအားလုံး ခံစားလိုက်ကြရပြီးတော့ အချို့လူတွေဆိုရင် သူတို့ရဲ့ခေါင်းတွေကိုတောင် အလိုလို ငုံ့မိသွားကြသည်။

ကျန်းမိသားစုရဲ့ ဒီတစ်ကြိမ်ဖြစ်တဲ့ဖြစ်ရပ်က နောက်ဆုံးအကြိမ်ကထက် ပိုပြီးတော့တောင် ကြီးကျယ်နေပြီး ရွာထဲက လူတွေကလည်း အခြေခံအားဖြင့် စိတ်လှုပ်ရှားစရာကို လာရောက်ကြည့်ရှုကြပြီးတော့ ကျန်းမိသားစုအိမ်ကို ပြွတ်သိပ်စွာ ဝန်းရံထားကြသည်။

သာမန်လူတွေက ဒီမြင်ကွင်းကို မြင်လိုက်ရရင် သေချာပေါက်ကို ကြောက်သွားကြမှာဆိုပေမဲ့ ကျန်းရှန်ကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။

TOFUH (BL) [Myanmar Translation]Donde viven las historias. Descúbrelo ahora