Chapter(6):ကျေးဇူးရှင်ကို ကြက်ဥပေးခြင်း-1

2.9K 636 3
                                    

Zawgyi

လက်ထဲမှာဓားကိုကိုင်ထားရင်း ကျန်းရှန် ကျန်းမိသားစု အိမ်၏တံခါးပေါက်ကနေ ထွက်ခွာလာခဲ့သည်။

ဟယ်ချန်းတိုင်းပြည်၏ဒီဘက်အပိုင်းတွင် မိသားစုအများစုက တစ်ရက်မှာထမင်းသုံးနပ်စားကြသည်။ သေချာပေါက် မိသားစုကဆင်းရဲနေရင်တော့ သူတို့တွေက တစ်ရက်မှာ ထမင်းနှစ်နပ်သာစားနိုင်ကြသည်။

လူတိုင်းလူတိုင်းက မနက်မိုးသောက်အာရုဏ်တက်ချိန်မှာ အိပ်ရာထကြသည်။ အလုပ်အချို့အရင်လုပ်ပြီးနောက်  မနက်ခုနှစ်နာရီလောက်တွင် နေ့တစ်နေ့၏ပထမဆုံးမနက်စာကို စားကြသည်။ အိမ်ထောင်အများစုအတွက်တော့ မနက်စာကအခြေခံအားဖြင့် ဆန်ပြုတ်မျှသာဖြစ်သည်။ သေချာပေါက်ကို ချမ်းသာတဲ့မိသားစုကတော့ တစ်ခြားနည်းလမ်းတစ်မျိုးနဲ့ ပြောင်းစားကြမှာပေါ့။

စားသောက်ပြီးနောက် သူတို့တွေကအလုပ်ကို ဆက်လုပ်ကြပြီး မွန်းတည့်အချိန်ဖြစ်တဲ့ မွန်းတည့်တစ်ဆယ့်နှစ်နာရီလောက် ရောက်ရင် သူတို့တွေက ဒုတိယနေ့လယ်စာကို စားကြသည်။ အခြေခံအစားအစာတွေ လုံလုံလောက်လောက်ရှိတဲ့ မိသားစုတွေမှာ အခြောက်ခံထားတဲ့
အသားတွေရှိကြသည်။ အစားအစာက မလုံလောက်ဘူးဆိုရင် သူတို့တွေကဆန်ပြုတ်ကိုပဲ ဆက်သောက်ကြသည်။

ညနေခင်းတွင်သူတို့တွေက နောက်ထပ်တစ်ကြိမ် ထပ်စားကြသည်။ လယ်သမားအများစု၏မနက်စာက ဆန်ပြုတ် ဖြစ်သည်။

သူတို့တစ်ရက်မှာ သုံးကြိမ်စားကြသော်ငြားလည်း အရေးအကြီးဆုံးတစ်ကြိမ်ကတော့ ကျန်းမိသားစုအခုလေးတင် စားပြီးသွားတဲ့ မွန်းတည့်အချိန်မှာစားတဲ့ နေ့လယ်စာဖြစ်သည်။

မနေ့ညက သူတို့နောက်ကျတဲ့အထိ အလုပ်တွေအရမ်းရှုပ်နေတာကြောင့် ဒီနေ့အတွက် ကျန်းမိသားစု၏မနက်စာက ခါတိုင်းထက် အများကြီးနောက်ကျသွားသည်။
ပြီးတော့မနက်စာက မနေ့ညကဧည့်သည်တွေကို ဧည့်ခံတဲ့အသားတွေဖြစ်တာကြောင့် သူတို့အရမ်းဗိုက်မဆာကြဘူး။ အဲ့ဒါကြောင့်​နေ့လယ်စာက တစ်နာရီလောက် နောက်ကျသွားခဲ့တာဖြစ်သည်။ ကျန်းရှန်ကကောင်းကင်ကို ကြည့်လိုက်ပြီး အခုချိန်က နှစ်နာရီထိုးပြီးသွားလောက်ပြီလို့ ခန့်မှန်းလိုက်သည်။

TOFUH (BL) [Myanmar Translation]Where stories live. Discover now