Chapter(9):ကျေးဇူးရှင်ကို ပရောပရည် ဆက်လုပ်ခြင်း-2

2.8K 600 15
                                    

Zawgyi

"မင်းကြက်ဥတွေပေးပြီးပြီလေ။" ကျောက်ကျင့်က သူ့လက်ကိုဆွဲထားတဲ့ကျန်းရှန်ကို အနေရခက်စွာ ကြည့်လိုက်သည်။

"ငါ့အသက်က ကြက်ဥနှစ်လုံးစာပဲ တန်ဖိုးရှိတာလား?" ကျန်းရှန်က အမိအရတိုက်တွန်းလိုက်ပြီး ပြောလိုက်သည်။ "တကယ်လို့မင်းထိုင်ပြီးမစားဘူးဆိုရင် ငါမင်းနောက်ကို တစ်ချိန်လုံးလိုက်နေမယ်။ ရွာထဲပြန်သွားရင်လည်း လိုက်မယ်။ မင်းအိမ်ပြန်သွားရင်လည်း အိမ်အထိလိုက်မယ်။"

"မင်း . . ." ကျောက်ကျင့်တစ်ယောက် ကျန်းရှန်လိုမျိုး ကလိမ်ကကျစ်ကျတတ်တဲ့ စကားလုံးတွေကြောင့် တုန်လှုပ်သွားရသည်။ သူစိတ်မရှည်ဖြစ်လာပြီးတော့ စိုးရိမ်မိသွားသည်။ စဉ်းစားပြီးနောက် သူထိုင်ချလိုက်သည်။

"ငါဒီဆန်ပြုတ်ကို ချက်ထားတာ။ အရသာရှိတယ်။ များများစား။" ကျန်းရှန်က​ကျောက်ကျင့်နေနေတာကို မြင်တော့ ပြုံးလိုက်ပြီး ကျောက်ကျင့်ကို ကျန်းအိမ်ကနေသူယူလာခဲ့တဲ့ ကြွေဇွန်းတစ်ချောင်းကို ပေးလိုက်သည်။

"မင်းကြက်ကို ဘယ်နားကနေရလာတာလဲ?" ကျောက်ကျင့်က သူ့အရှေ့မှာရှိနေတဲ့ ကြက်သားဆန်ပြုတ်အိုးကို ကြည့်လိုက်ပြီး မသိစိတ်အရ အလိုအလျောက် သူ့တံ​တွေးကို မျိုချလိုက်မိသည်။ သူကလေးဘဝတုန်းက သူ့မိသားစုရဲ့ဘဝက အခြေအနေကောင်းနေသေးသည်။ အားလပ်ရက်တွေမှာဆိုရင် သူတို့ကြက်တစ်ကောင်ကို သတ်စားလေ့ရှိပေမဲ့ နောက်ပိုင်းကျတော့ သူ့မိသားစုက ဆင်းရဲသထက်ဆင်းရဲလာခဲ့သည်။ အဲ့ဒါကြောင့်သူ ကြက်သားမစားနိုင်တော့ပေ။ သူနှစ်သစ်ကူးနေ့အတွက်သာ ကြက်သားကို ဝယ်နိုင်ပြီးတော့ သူ့ရဲ့ဧည့်သည်တွေကို ဧည့်ခံဖို့အတွက် ကြက်သားတုံးတွေကို ရေတွက်ခဲ့ရသည်။

"ကြက်ခြံထဲကနေ ဖမ်းလာခဲ့တာ။" ကျန်းရှန်က ရယ်မောလိုက်ပြီးတော့ ကျောက်ကျင့်ကသူ့ကို ပဟေဠိဖြစ်နေတဲ့မျက်နှာအမူအရာနဲ့ ကြည့်နေတာကို မြင်လိုက်ရသည်။ သူထပ်ပြောလိုက်သည်။ "ဒီနှစ်တွေအတွင်းမှာ ငါ့မိသားစုထဲကအဲ့လူတွေက ငါ့ကိုဘာတွေလုပ်ခဲ့သလဲဆိုတာကို မင်းလည်းသိတာပဲ။ ဒီတစ်ကြိမ်မှာတော့ ငါသေခါနီးဖြစ်သွားခဲ့တယ်။ ကြက်သားစားပြီး ငါ့ခန္ဓာကိုယ်ကျန်းမာရေးကို ကောင်းအောင်လုပ်တာက မှန်တယ်မဟုတ်လား?"

TOFUH (BL) [Myanmar Translation]Where stories live. Discover now