Chapter(31):ဆေးကုသမှုခံယူဖို့အတွက် စီရင်စုမြို့ပေါ်တက်ခြင်း-2

1.3K 275 5
                                    

Zawgyi

ဝမ်ဟိုက်ရှန်းတစ်ယောက် ကျန်းရှန်က သူ့ခင်ပွန်းသည်ကို ကုသပေးနိုင်ပါစေလို့ မျှော်လင့်မိသော်ငြား​လည်းပဲ သူသိပ်ပြီးတော့လည်း မမျှော်လင့်ထားခဲ့ပါဘူး။ သူ့ကို မကုသပေးနိုင်ဘူးလို့ ကျန်းရှန်ပြောလိုက်တဲ့အချိန်မှာ သူမအံ့သြမိပါဘူး။ သို့သော်လည်း ကျန်းရှန်ရဲ့သူ့လှေကို ဝယ်ယူလိုစိတ်က သူ့ကို ပီတိ​ဖြစ်မိသွားစေခဲ့သည်။ "ခင်ဗျား . . . ခင်ဗျား တကယ် ကျွန်တော့်လှေကို ဝယ်ချင်တာလား?" သူ့ရဲ့လှေက အမှန်တကယ်မှာတော့ နည်းနည်းလေး ပျက်စီးယိုယွင်းနေတယ်လေ။

"Um" ကျန်းရှန်က ခေါင်းငြိမ့်ပြလိုက်ပြီးနောက် လှေပေါ်ကနေ ခုန်ဆင်းလိုက်ပြီးတော့ သူ့အိမ်ဆီ သွားလိုက်သည်။

ကုန်သည်တစ်ယောက်ဖြစ်လာဖို့ သူဆုံးဖြတ်လိုက်ပြီးကတည်းက လှေတစ်စီးဝယ်ဖို့ကို သူတွေးတောနေခဲ့တာ ဖြစ်သည်။ ဒါပေမဲ့ သူလှေမလှော်တတ်ပါဘူး။

ဒီတစ်ကြိမ်မှာ တကယ်လို့ ဒီကိစ္စပြေလည်သွားခဲ့မယ်ဆိုရင် သူလှေတစ်စီးရနိုင်ရုံတင်မကပဲနဲ့ လှေလှော်သမားတစ်ယောက်ကိုလည်း ရနိုင်လိမ့်မယ် . . . လှေက ဟောင်းနွမ်းစုတ်ပြတ်နေတယ် ဆိုပေမဲ့လည်းပေါ့။

ကျန်းရှန်တစ်ယောက် ငွေတွေယူပြီး ပြန်ရောက်လာတဲ့အချိန်မှာ အသက်သုံးဆယ်အရွယ်ထဲ ဝင်နေပြီဖြစ်တဲ့ ဝမ်ဟိုက်ရှန်းတစ်ယောက် သူ့မျက်လုံးတွေထဲမှာ မျက်ရည်များဝဲလျက် လှေဦးပိုင်းမှာ မတ်တပ်ရပ်နေတာကို သူမြင်လိုက်ရသည်။

ဝမ်ဟိုက်ရှန်းကလည်း သူ့လှေက ငွေဒင်္ဂါးအပြားနှစ်ဆယ် သေချာပေါက် မတန်ဘူးဆိုတာကို သူသိပါတယ်။ သစ်သားအချို့ ယူပြီးတော့ လှေတစ်စီးဆောက်ဖို့အတွက် တစ်စုံတစ်ယောက်ကို ရှာလိုက်ရုံနဲ့တင် မင်းလှေအသစ်တစ်စီးကို ရနိုင်တယ်လေ။  ငွေဒင်္ဂါးဆယ်ပြားနဲ့တင် မင်းလှေအသစ်တစ်စီးကို ရနိုင်တယ်။ အဲ့ဒါကြောင့် ဖြူကောင်ကို အသုံးပြုပြီးတော့ သူ့ရဲ့ငါး‌‌တွေနဲ့ လဲလှယ်သွားခဲ့တဲ့ ဒီယောင်္ကျားက အမှန်တကယ်မှာတော့ သူ့ကိုကူညီနေတာပဲ ဖြစ်သည်။

သူ့လှေကို ရောင်းပြီးသွားတဲ့အချိန်ကျရင် ဘယ်မှာ သွားနေရမလဲဆိုတာကို သူစိုးရိမ်နေမိသော်ငြားလည်းပဲ ၀မ်ဟိုက်ရှန်းတစ်ယောက်ကတော့ မျှော်လင့်ချက်‌တွေအပြည့်နဲ့ ကျေးဇူးတင်နေဆဲပဲ ဖြစ်သည်။

TOFUH (BL) [Myanmar Translation]Where stories live. Discover now