Chapter(8):လူတွေကို ရိုက်နှက်ပြီး ကြက်တွေကို သတ်ခြင်း-2

2.8K 624 18
                                    

Zawgyi

ကျန်းလောင်ထိုက်က မြေကြီးပေါ်မှာ ပစ်ထိုင်ချမိသွားပြီးတော့ သူမခြေထောက်တွေလည်း ပျော့ခွေကုန်သည်။ သူမတုန်ယင်နေပြီး အော်ပြောလိုက်သည်။ "ရှောင်မိန် ရှောင်မိန် အမေ့အိပ်ရာဘေးက သော့ကိုယူလာခဲ့ . . ."

တိုင်းပြည်မှာနေထိုင်ကြတဲ့လူတွေက သူတို့ရဲ့အိမ်တွေကို သော့မခတ်ဘဲ အမြဲတမ်းထားခဲ့တတ်ကြသည်။ နေ့အချိန်ဆိုရင် တံခါးတွေကို ဖွင့်ထားကြပြီးတော့ ညအချိန်သူတို့အခန်းထဲကို ပြန်ရောက်ပြီးတဲ့အချိန်မှာဆိုရင် တံခါး​တွေကို မင်းတုပ်ချထားတတ်ကြသည်။ ဒါပေမဲ့
ကျန်းလောင်စန်းကတော့ အမြဲတမ်း​စေ့စပ်​သေချာတတ်တဲ့သူမို့ သူ့အိမ်ကို ကြေးသော့ခလောက်နဲ့ ခတ်ထားတတ်သည်။

ကျန်းရှောင်မိန်ကသော့ကို ယူဆောင်လာပေးပြီး ကျန်းရှန်က​ ထောင်ထောင်ထောင်ထောင်နဲ့ လမ်းလျှောက်သွားပြီးတော့ ကျန်းချန်ရှန်းအိမ်ရဲ့တံခါးကို ဖွင့်လိုက်ပြီး
သန့်ရှင်းနေတဲ့အိမ်အသစ်ထဲကို ဝင်သွားတော့သည်။

ဝက်အရိုးတွေကိုဖြတ်တဲ့ဓားက တကယ်တော့ အနည်းငယ်လေးလံသည် . . . သူအခန်းထဲကိုရောက်တာနဲ့ ကျန်းရှန်ကဓားကို မြေကြီးပေါ် ပစ်ချလိုက်သည်။ တံခါးကိုမင်းတုပ်ချပြီးတော့ သူ့လက်​ကောက်ဝတ်ကို ပွတ်လိုက်မိသည်။ ပြီးတော့အခန်းကို စတင်ကြည့်ရှုတော့သည်။

ကျူးရှုဖန်းရဲ့အသွင်းပစ္စည်းတွေကို မြို့ထဲမှာနေရာချထားပြီးပြီဆိုပေမဲ့ ကျန်းချန်ရှန်းရဲ့အိမ်မှာ အံဆွဲ​တွေပါတဲ့ဗီရိုတစ်လုံး၊ အိပ်ရာတစ်ခု၊ သေတ္တာနှစ်လုံးနဲ့ တစ်ချို့အရာငယ်လေးတွေနဲ့ ပြည့်နှက်နေဆဲဖြစ်သည်။

ကျန်းလောင်ထိုက်က​ စောစောတုန်းကလာပြီး အိပ်ရာခင်း​တွေကို ရှင်းလင်းထားပြီး အိပ်ရာပေါ်မှာခင်းထားတဲ့ အိပ်ရာခင်းတွေကို  အဝေးကိုရွှေ့ပြီးသွားပြီ ဖြစ်သည်။  ကျန်းရှန်သေတ္တာထဲကနေ အဝတ်တစ်စုံကို ယူထုတ်လိုက်ပြီးတော့ အိပ်ရာပေါ်မှာ ချခင်းလိုက်သည်။ သူသူ့အဝတ်အစားတွေကို ချွတ်လိုက်ပြီး ကျန်းချန်ရှန်းရဲ့
အဝတ်အစားတွေထဲကတစ်စုံကို ရှာထုတ်လိုက်ပြီးတော့ သူတို့ကိုဝတ်ဆင်လိုက်သည်။ ထို့နောက်သူ အနားယူဖို့ အိပ်ရာဝင်တော့သည်။

TOFUH (BL) [Myanmar Translation]Where stories live. Discover now