Chapter(17):ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။-1

2.3K 492 3
                                    

Zawgyi

ကျောက်ကျင့်က ကြက်ဥကိုစားဖို့ စီစဉ်နေလျက်ရှိသည်။

သူမနက်တုန်းက နည်းနည်းလေးသာ စားလိုက်ရပေမဲ့ မွန်းတည့်မှာတော့ သူကျန်းရှန်ရဲ့စောင့်ရှောက်မှုအောက်မှာ ဗိုက်ပြည့်နေပြီဖြစ်သည်။ အဲ့ဒါကြောင့် သူမွန်းလွဲပိုင်းတွင် လုံးဝဗိုက်ပြည့်နေခဲ့သည်။

ဒါပေမဲ့ သူက အရမ်းလန်းဆန်းတက်ကြွနေပြီး အလုပ်မြန်မြန်လုပ်နေသော်ငြားလည်း သူ့စိတ်က အလုပ်အပေါ်မှာရှိမနေပဲ တစ်စုံတစ်ခုအပေါ်မှာ ရှိနေခဲ့သည်။

သူ့ရဲ့ဟင်္သာပြဒါးရိုင်းမှဲ့ကို တူးထုတ်ပြီးတဲ့နောက်မှာ သူ့ကိုယ်သူ ယောက်ျားတစ်ယောက်အဖြစ် မှတ်ယူထားခဲ့တာဖြစ်ပြီးတော့ လက်မထပ်ဖို့ စိတ်ဆုံးဖြတ်ထားခဲ့တာဖြစ်သည်။ သူမကြာသေးခင်က သူ့ရဲ့ဘဝတစ်လျှောက်လုံးကို ကျန်းရှန်နဲ့ကုန်ဆုံးဖို့ကို စီစဉ်ထားခဲ့သော်လည်း သူကလေးတစ်ယောက် မွေးဖွားပေးမဲ့ကိစ္စကို မေ့လျော့နေခဲ့သည်။ ဒါပေမဲ့ အခုတော့ ကျန်းရှန်က​ပြောထုတ်လိုက်ပြီ။

ကျောက်ကျင့်တစ်ယောက် အပြစ်ရှိသလို ခံစားလိုက်ရသည်။

ကောတစ်ယောက်ရဲ့ မျိုးပွားနိုင်ခြင်းစံနှုန်းက သူတို့ရဲ့ဟင်္သာပြဒါးရိုင်းရဲ့အရောင်နဲ့ ဆက်စပ်နေတာဖြစ်သည်။ ဟင်္သပြဒါးရိုင်းမှဲ့ရဲ့အရောင်က တောက်ပလေလေ ကောတစ်ယောက်ရဲ့ မျိုးပွားနိုင်ခြင်းစံနှုန်းကလည်း မြင့်လေလေဖြစ်သည်။ ဒါပေမဲ့ သူ့ရဲ့ဟင်္သာပြဒါးရိုင်းမှဲ့ကတော့ သူအဲ့ဒါကို မတူးထုတ်ပစ်ခင်အချိန်အထိကို အရောင်က မှုန်မှိုင်းနေခဲ့တာဖြစ်သည်။

အစတုန်းကတော့ ရွာရဲ့လူအိုကြီးက ဒီပုံစံမျိုးနဲ့ဆိုရင် သူ့အတွက် ကလေးရဖို့ခက်ခဲလိမ့်မယ်လို့ ပြောခဲ့ဖူးသည်။ အဲ့ဒါက သူလက်မထပ်ရခြင်းရဲ့ အကြောင်းပြချက်တွေထဲကတစ်ခုဖြစ်သည်။ ကျန်းရှန်လည်း ဒီအကြောင်းကိုသိမှာပဲ။ သူကသူ့ကို သူ့ကိုယ်သူ ဂရုစိုက်စေချင်နေတာလား? အဲ့ဒါကြောင့် သူကဒီနေ့မှာ ဒီအကြောင်းကို အထူးတလည် ထုတ်ဖော်ပြောလိုက်တာလား?

ငါကရုပ်ဆိုးတာမို့ ငါ့အတွက်ကလေးရနိုင်ဖို့က ခက်ခဲတယ်။ အခုချိန်မှာ ငါကအသက်လည်း အရမ်းကြီးနေပြီ။ ငါငါ့ကိုယ်ငါဂရုစိုက်ဖို့ကို အမှန်တကယ်ကို လိုအပ်နေတယ်။ မဟုတ်ရင် နောင်အနာဂတ်ကျရင် ငါကလေးရနိုင်တော့မှာ မဟုတ်ဘူး။

TOFUH (BL) [Myanmar Translation]Where stories live. Discover now