Chapter(16):ပြည့်ဖောင်းဝဖြိုးပြီး ကျန်းမာခြင်း-1

2.5K 521 3
                                    

Zawgyi

ကျန်းရှန်က ​မြွေသားဝါးကျည်တောက်ဘူးနှစ်ဘူးကို ယူလာပေမဲ့ ကျောက်ကျင့်ကို ဝါးကျည်တောက်ဘူးနှစ်ဘူးထဲကတစ်ဘူးကိုမှ ချက်ချင်းမပေးလိုက်ပါဘူး။

တကယ်လို့ သူကျောက်ကျင့်ကို အခုဝါးကျည်တောက်တစ်ဘူး ပေးလိုက်မယ်ဆိုရင် သူတို့တစ်ယောက်စီက ဝါးကျည်တောက်ဘူးတစ်ဘူးစီကို ကိုင်ထားကြမှာဖြစ်သွားပြီးတော့ မြွေသားကိုလည်း သူတိတ်တဆိတ်စားနေလိမ့်မယ်။ အဲ့လိုဆိုရင် ခံစားချက်တွေက ဘယ်လိုလုပ်ပြီးတိုးပွားလာမှာလဲ?

ကျောက်ကျင့်နဲ့အတူတကွ သူတို့တွေမနေ့ညတုန်းက ထိုင်ထားခဲ့တဲ့ နေရာတစ်နေရာတည်းမှာပဲ ထိုင်ချလိုက်ကြသည်။ ကျန်းရှန်က ဝါးကျည်တောက်တစ်ဘူးကို ဖွင့်လိုက်ပြီး တူတစ်စုံကို ယူထုတ်လိုက်ပြီးတော့ ကျောက်ကျင့်ကို မြွေအသားတုံးလေးတစ်တုံးကို ကျွေးလိုက်သည်။

ဒီနေ့မှာကျန်းရှန်က ဖယောင်းတိုင်မီးကို မထွန်းထားပါဘူး။ ပတ်ဝန်းကျင်က အရင်ကထက်ပိုပြီး မှောင်မိုက်နေပေမဲ့ ကျောက်ကျင့်ကတော့ သူ့နံဘေးနားမှာရှိနေတဲ့လူကို ရှင်းရှင်းလင်းလင်းကို ခံစားသိနေသည်။

"ငါဒီမြွေအသားကို ချက်ခဲ့တာ။ မြည်းကြည့်ကြည့်။" ကျန်းရှန်ရဲ့အသံက ထွက်ပေါ်လာပြီး တစ်ချိန်တည်းမှာပဲ မြွေအသားတုံးလေးတစ်တုံးကို ကျောက်ကျင့်ရဲ့ပါးစပ်နားကို ခွံ့ပေးလိုက်သည်။

မြွေအသားရဲ့အနံ့က အရမ်းဆွဲဆောင်မှုရှိနေပေမဲ့ ဒီအနံ့က ကျောက်ကျင့်ခုခံနိုင်တဲ့ အတိုင်းအတာအတွင်းမှာ ရှိနေသေးတာဖြစ်သည်။ သူမတိုင်ခင်က ကျန်းရှန်ဆီကနေ မြွေကိုတောင်းနေတဲ့ ဟယ်ချူရှန်းအကြောင်းကိုသာ တွေးနေမိသည်။ ကျန်းရှန်က သူ့ကိုမပေးလိုက်ပေမဲ့ပေါ့။ ဒါပေမဲ့အခုချိန်မှာ အဲ့ဒါကိုသူစားဖို့အတွက် ယူလာပေးနေသည်။ ရုတ်တရက် သူမြွေအသားကို မြည်းစမ်းကြည့်ဖို့ကို မစောင့်နိုင်တော့ဘူး။

ကျောက်ကျင့်က သူ့ပါးစပ်ကိုဖွင့်လိုက်ပြီးတော့ မြွေအသားကို စားလိုက်သည်။ ထို့နောက် ကျန်းရှန်ကလည်း သူ့ကိုခွံ့ကျွေးခဲ့တဲ့တူနဲ့ပဲ မြွေအသားတစ်တုံးစားလိုက်တာကို သူမြင်လိုက်ရသည်။

TOFUH (BL) [Myanmar Translation]Where stories live. Discover now