Chapter(23):စတော့ခ်ဟုမ်း လက္ခဏာရပ်-1

2.2K 503 6
                                    

Zawgyi

ကျန်းရှန်တစ်ယောက် ခေတ္တအနားယူ မှိန်းစက်နေသည်။

သူမကြာသေးခင်ကမှ ခေတ္တအနားယူတတ်တဲ့အကျင့်ကို ပျိုးထောင်ခဲ့တာဖြစ်သည်။ သူလှဲလျောင်းလိုက်တာနဲ့ချက်ချင်း အိပ်ပျော်သွားပြီးတော့ အထူးသဖြင့် နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်မောကျသွားတတ်သည်။

ဒါကိုသတိပြုလိုက်မိတော့ သူ့လက်ကနေ သေတ္တာတစ်လုံးလိုမျိုး ချည်နှောင်ထားခံရတဲ့ ယန်ကျန်းတစ်ယောက် နောက်ဆုံးမှာတော့ သူ့နှလုံးသားလေးခမျာ စိတ်သက်သာရာ ရသွားတော့သည်။ သူနောက်ဆုံးမှာတော့ သက်ပြင်းချပြီး အနားယူနိုင်ခဲ့ပြီဖြစ်သည်။

အဲ့မတိုင်ခင်တုန်းက အဖြစ်အပျက်တွေအားလုံးက သူ့အတွက် အိပ်မက်ဆိုးတစ်ခုလိုမျိုးပါပဲ။ သူဒီလိုမျိုး နတ်ဆိုးကြယ်တစ်စင်းကို ရန်စမိရလောက်အောင်အထိ ဘယ်လိုလုပ်ပြီး အရမ်းကံဆိုးနိုင်ရတာလဲ?

ကျန်းရှန်တစ်ယောက် အရမ်းနှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတာကို မြင်လိုက်ရတော့ ယန်ကျန်းမှာ ကြောက်ရွံ့တဲ့စိတ် မရှိတော့ပါဘူး။ မြေကြီးလက်ခတ်မလွဲကို သူ့ရဲ့မျှော်လင့်ချက်တွေက မြင့်တက်သွားသည်။ သူ . . . သူ ဒီအခွင့်အရေးကိုယူပြီး ထွက်ပြေးလိုက်သင့်လား?

သူတကယ်ကို ဒီယောက်ျားနဲ့အတူ မနေချင်တော့ဘူး။ သူကဒီအတိုင်း ထွက်ပြေးသွားပြီးတော့ ဘယ်တော့မှ ပြန်မလာချင်တော့ရုံပါ။

ရုံးတော်အရာရှိတစ်ယောက်အနေနဲ့ ယန်ကျန်းက မကြာခဏဆိုသလို လူဆိုးတွေကို ကိုင်တွယ်ဖြေရှင်းရတာ ဖြစ်ပြီးတော့ သူတို့တွေဆီကနေလည်း ကြိုးတွေကနေ လွတ်မြောက်ခြင်းလိုမျိုး . . . စွမ်းရည်အချို့ကို သင်ယူခဲ့ရဖူးသည်။ သေချာပေါက်ကို သူကတော့ အထူးသဖြင့် သိပ်မကျွမ်းကျင်ပါဘူး။

သူ့လက်နှစ်ဖက်ထဲက တစ်ဖက်ကို လွတ်မြောက်ဖို့အတွက် သူနာရီဝက်နီးပါး အချိန်ယူလိုက်ရသည်။ ယန်ကျန်းတစ်ယောက် နောက်ဆုံးမှာတော့ သူ့လက်တွေပေါ်ကကြိုးကို ဖြည်ပြီးတဲ့အချိန်မှာ ကျန်းရှန်က အိပ်ပျော်နေသေးတုန်းပဲ ရှိသေးသည်။

TOFUH (BL) [Myanmar Translation]Where stories live. Discover now