Chapter(2):အဲ့ကောင်လေးက ကြည့်ကောင်းတယ်။-2

3.4K 668 3
                                    

Zawgyi

ဒီလူကဒီသစ်ကယ်တဲအိမ်အနီးနားမှာနေထိုင်တဲ့ ကျောက်မိသားစု၏ကလေး ကျောက်ကျင့်ဖြစ်သည်။ ကျန်းလောင်တ ရေထဲကိုကျတဲ့အချိန်တုန်းက ကယ်တင်ပေးခဲ့တဲ့လူကလည်း ကျောက်ကျင့်ဖြစ်သည်။ ကံမကောင်းစွာနဲ့ပဲ သူက ကျန်းလောင်တ၏ဘဝကို ကယ်တင်ခဲ့ပေမဲ့ မျက်တောင်တစ်ခတ်အချိန်လေးအတွင်းမှာပဲ ကျန်းမိသားစုကြောင့် ပျက်စီးသွားရသည်။  ကျန်းလောင်တကမူးဝေနေပြီးတော့ လှုပ်တောင်မလှုပ်ရှားနိုင်ခဲ့ဘူး။ ကျန်းမိသားစုကလည်း သူ့အဝတ်အစားလေးကိုတောင်မှ မပြောင်းလဲပေးခဲ့ဘူး။ ဘယ်လိုလုပ်ပြီး သူနေမကောင်းမဖြစ်ဘဲနေမှာလဲ?

ကျောက်ကျင့်ကဘာလဲဆိုတာကို ကျန်းရှန်မှတ်မိသွားတဲ့အချိန်မှာ သူသူ့အပေါ်မှာထားတဲ့ကောင်းတဲ့အမြင်တွေ ပိုတိုးသွားသည်။  ဒါပေမဲ့သူကျန်းလောင်တရဲ့မှတ်ညဏ်တွေကို ပိုပြီးစဉ်းစားမိတဲ့အချိန်မှာ ရုတ်တရက် သူသာမန်ထက်လွန်ကဲနေတဲ့တစ်စုံတစ်ခုကို ရှာတွေ့သွားသည်။ 

သူကူးပြောင်းလာခဲ့ပေမဲ့ သူသိတဲ့မင်းဆက်တွေခေတ်ကို ကူးပြောင်းလာခဲ့တာမဟုတ်ပါဘူး။ သူအခုရောက်နေတဲ့နေရာကို ဒါချီလို့ခေါ်ပြီးတော့ နှစ်ပေါင်းရာနဲ့ချီပြီး တည်ရှိနေတဲ့နေရာဖြစ်ပြီးတော့ စာသင်ကျောင်းကို မသွားနိုင်တဲ့ပုံမှန်ပြည်သူတွေက  မင်းဆက်နဲ့စစ်ပွဲအ​ကြောင်းကို အမှတ်မဲ့အမှုမဲ့နဲ့ ​နေတတ်ကြသည်။ ဒါကသေချာပေါက်ကို အဓိကအချက်မဟုတ်သေးပါဘူး။

အဓိကအချက်ကတော့... ယောက်ျားနဲ့မိန်းမအပါအဝင်​  ဒီနေရာမှာကောလို့ခေါ်တဲ့ နောက်ထပ်အမျိုးအစားတစ်မျိုး ရှိနေသေးလို့ပဲဖြစ်သည်။ 

မွေးဖွားနှုန်းအရဆိုရင် ဒါချီမင်းဆက်တွင် ငါးဆယ်ရာခိုင်နှုန်းကယောက်ျား၊ လေးဆယ်ရာခိုင်နှုန်းကမိန်းမတွေဖြစ်ပြီးတော့ ကျန်တဲ့တစ်ဆယ်ရာခိုင်နှုန်းကသာ
ကောတွေဖြစ်သည်။

ကောတွေက ယောက်ျားတွေနဲ့တူပေမဲ့ သူတို့တွေရဲ့မျက်ခုံးနှစ်ခုကြားတွင် မှဲ့လိုမျိုးအနီရောင်ဟင်္သာပြဒါးရိုင်းအမှတ်တစ်ခု ရှိသည်။ သူတို့တွေကယောက်ျားတွေထက် ပိုပြီးအားနည်းကြသည်။ သူတို့တွေရဲ့ကိုယ်လုံးကိုယ်ပေါက်က မိန်းမတွေလောက်သာရှိပြီး မိန်းမတွေလိုမျိုး ကလေးတွေလည်းရနိုင်ကြသည်!

TOFUH (BL) [Myanmar Translation]Tahanan ng mga kuwento. Tumuklas ngayon