Chapter(3):ကျန်းမိသားစု၏အိမ်သို့ ပြန်သွားခြင်း-1

3.1K 656 1
                                    

Zawgyi

ကျောက်ကျင့်ကျန်းမိသားစု၏ အိမ်အပျက်ထဲကနေထွက်ပြီး သူ့အိမ်ကိုပြန်လာခဲ့သည်။

ကျောက်မိသားစု၏ လယ်ကွက်ဧကပေါင်းများစွာကို​ ရောင်းချခဲ့ပြီးပြီဖြစ်ပေမဲ့ ကုန်းမြေတစ်ဧကထက်တော့ ပိုကျန်နေသေးတုန်းပဲ။ အားလပ်ရက်များတွင် သူတို့အာလူးနဲ့ဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးကြပြီးတော့ သူတို့ရဲ့အိမ်ကအဲ့မြေကွက်ဘေးမှာ တည်ရှိတာဖြစ်သည်။

ကျောက်ကျင့်အိမ်ထဲကို လှမ်းဝင်လာတဲ့အချိန်မှာ အစားအစာရဲ့ရနံ့ကိုအနံ့ရလိုက်သည်။ တစ်ချိန်တည်းမှာပဲ သူ့အမေကျောက်လျိုကလည်း သူ့ကိုနှုတ်ဆက်လာသည်။
"ကျင့် သားပြန်လာပြီလား?"

"ဟုတ်။ ဒီနေ့လုပ်စရာဘာအလုပ်မှမရှိဘူး။ အဲ့ဒါကြောင့် ကျွန်​တော်အိမ်အရင်ပြန်လာတာ။" ကျောက်ကျင့်ပြောလိုက်သည်။ သူအလုပ်နီးပါးကိုလုပ်ပြီးသွားတာကြောင့် သူ့ရဲ့အလုပ်ရှင်ကိုပြောပြီး စောစောပြန်လာခဲ့တာဖြစ် သည်။ မွန်းလွဲပိုင်းကျရင် သူမြေကွက်ဘက်ကိုလှည့်ပြီးတော့ တစ်ခုခုစိုက်ပျိုးဖို့စီစဉ်ထားတာဖြစ်သည်။

"ကျင့် သားပင်ပန်းသွားပြီ။" ကျောက်လျိုသူမသားအငယ်လေး၏ ကြမ်းတမ်းနေတဲ့မျက်နှာနဲ့ သူ၏မျက်ခုံးကြားကနက်ရှိုင်းတဲ့အမာရွတ်ကို ကြည့်လိုက်မိသည်။ အဲ့ဒါကအတော်လေးဝမ်းနည်းစရာပဲ။ ကျင်ဟူအတွက်သာမဟုတ်ဘူးဆိုရင် ကျင့်ကောကဘယ်လိုလုပ်ပြီး ဒီလောက်ခံစားနေရမှာလဲ?

သူကသူ့မိသားစုကို ယောက်ျားတစ်ယောက်လိုမျိုး
ထောက်ပံ့ပေးချင်​နေတဲ့ကောတစ်ယောက်ဖြစ်သည်။

ကျောက်ကျင့်သူ့အမေရဲ့မျက်နှာသွင်ပြင်ကို မြင်တော့ သူမအ​တွေးလွန်နေပြီဆိုတာကို သူသိလိုက်သည်။ သူလူတွေကိုမနှစ်သိမ့်ပေးတတ်ဘူး။ သူဒီအတိုင်းသာ
ပြောလိုက်သည်။ "အမေ စားဖို့တစ်ခုခုရှိသလား?"

"ဟုတ်သား။ အမေကန်စွန်းဥဆန်ပြုတ်လုပ်ထား
တယ်။" အိုးအဖုံးကိုမတင်ရင်း ကျောက်လျိုပြောလိုက်သည်။

အိုးထဲမှာ လိမ္မော်ရောင်သန်းနေတဲ့ကန်စွန်းဥဆန်ပြုတ်
ရှိနေသည်။ ဆန်ပြုတ်ကိုကန်စွန်းဥနဲ့ဆန်အနည်းငယ်နဲ့ ယလုပ်ထားတာဖြစ်သည်။ ပေါင်းအိုးထဲမှာတော့ ဆားရည်စိမ်ဟင်းသီးဟင်းရွက် ပန်းကန်လုံးကြီးကြီးတစ်ပန်းကန်ကို ပေါင်းခံထားသည်။

TOFUH (BL) [Myanmar Translation]Where stories live. Discover now