Chapter(24):လျို့ဝှက်စွာ အနမ်းပေးခြင်း-2

2.3K 492 11
                                    

Zawgyi


ကျောက်ကျင့်တစ်ယောက် ကျန်းရှန်ရဲ့စကားလုံးတွေက သူ့ကို စိတ်သက်သာရာမရသွားစေပဲ ပိုပြီးတော့တောင် အပြစ်ရှိသလို ခံစားလာမိစေသည်။ လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ကျန်းရှန်ဖော်ပြခဲ့တဲ့ အဓိပ္ပါယ်တွေက သိသိသာသာကို လုံလောက်နေပြီဖြစ်သည်။ သူက ပြန်တုံ့ပြန်လိုက်ဖို့အတွက်ကို ရှက်ရွံ့နေမိပြီးတော့ ကျန်းရှန်ကို ဘာတစ်ခုမှ မပြောလိုက်သော်ငြားလည်းပဲ သူတို့တွေက အမှန်တကယ်ကို တစ်ယောက်နဲ့တစ်ယောက် ဖွင့်ပြောစရာမလိုပဲ အပြန်အလှန် နားလည်မှုတစ်ခု ရနေပြီဖြစ်သည်။ ဒါပေမဲ့ အခုချိန်မှာ ကျန်းရှန်တစ်ယောက် ပြဿနာတက်နေတော့ သူ့မှာ ကျန်းရှန်နဲ့အတူ သွားလိုက်လာလိုက် လုပ်လို့မရတော့ဘူးပေါ့ . . .

"ငါ့မိဘတွေနဲ့ ငါစကားပြောကြည့်မယ်။ ငါတို့တွေ အဝေးကို ပြောင်းရွှေ့လို့ရနေတာပဲ . . ." ကျောက်ကျင့်တစ်ယောက် ရုတ်တရက် နည်းလမ်းတစ်ခုကို စဉ်းစားမိသွားသည်။

သို့သော်လည်း သူစကားပြောလို့ မပြီးဆုံးသေးခင်မှာပဲ သူ့ပါးစပ်က တစ်ခုခုနဲ့ အပိတ်ခံလိုက်ရသည် . . . ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ အဲ့ဒါက လက်တစ်ဖက်မဟုတ်တော့ပါဘူး။ အဲ့ဒါက ကျန်းရှန်ရဲ့နှုတ်ခမ်းပဲဖြစ်သည်!

ကျောက်ကျင့်တစ်ယောက် ကြောင်အသွားမိသည်။ သူ့ကိုယ်တစ်ခုလုံး ညင်ညင်သာသာလေး တုန်ရီသွားမိပြီးတော့ တုန်ရီနေမှုက ပြင်းထန်သထက် ပြင်းထန်လာသည်။

ကျန်းရှန်က မမျှော်လင့်ထားစွာ သူ့ကို နမ်းလာခဲ့သည်။ ဘယ်လိုလုပ်ပြီး ကျန်းရှန်ကသူ့ကို နမ်းနိုင်ရတာလဲ!

ဒီလိုအပြုအမူမျိုးက မင်းလက်ထပ်ပြီးတဲ့အချိန်ကျမှသာ ပြုလုပ်သင့်တာလေ။ အဲ့ဒါက . . . တကယ်လို့ မင်းလက်ထပ်ပြီးသွားပြီ ဆိုရင်တောင်မှ မင်းနမ်းစရာမလိုဘူးလေ!

"မင်းအဆင်ပြေရဲ့လား?" ကျန်းရှန်က ကျောက်ကျင့်ကို စိုးရိမ်စိတ်နဲ့ ခပ်ဖွဖွပုတ်လိုက်သည်။ သူသူ့ကို အခုလေးတင် ပေးလိုက်တဲ့အနမ်းကို အရမ်းဖြူစင်တယ်လို့ ယူဆလို့ရတာဖြစ်သည်။ သူသူ့ရဲ့လျှာကိုတောင် မထည့်ခဲ့ပဲ သူတို့ရဲ့နှုတ်ခမ်းတွေကိုသာ ထိကပ်ခဲ့တာဖြစ်သည်။ ရလဒ်အနေနဲ့ကတော့ ကျောက်ကျင့်ရဲ့ခန္ဓာကိုယ်က အရမ်းတောင့်တောင့်ကြီး ဖြစ်သွားတာကြောင့် သူ့ရဲ့လျှာကို အသုံးပြုဖို့အတွက်ကို သူစဉ်းတောင်မစဉ်းစားရဲတော့ပါဘူး။ ပြီးတော့ သူကဒီလိုမျိုးလည်း ကတုန်ကယင် ဖြစ်နေသေးသည် . . .

TOFUH (BL) [Myanmar Translation]Where stories live. Discover now