Chapter(19):ဆက်လက် တိုက်ခိုက်ခြင်း-2

2.2K 511 13
                                    

Zawgyi

ဒါပေမဲ့ သူပြဿနာမရှာပဲ နေလိုက်ရင်ရော? ကျန်းမိသားစုက သူ့ကိုဖိနှိပ်မှာကို သူအမှန်တကယ် ခွင့်ပြုလိုက်ရမှာလား?

အခုချိန်မှာ သူရုံးတော်အရာရှိ ဒါမှမဟုတ် မရိုသေမလေးစားမှုနဲ့ သားသမီးဝတ်မကျေပွန်မှုတို့အတွက် ပြစ်မှုတွေကို ကြောက်ရွံ့နေလို့မဟုတ်ပါဘူး။ သူ့ကိုကိုင်တွယ်တာရဲ့နောက်ကွယ်မှာ တခြားအဓိပ္ပါယ်များ ကျန်းချန်ရှန်းဆီမှာ ရှိနေတာလား?

အတွေးပေါင်းမြောက်များစွာက ကျန်းရှန်ရဲ့စိတ်ထဲမှာ ဖြတ်ပြေးသွားသည်။ တစ်ချိန်တည်းမှာပဲ ကျန်းလောင်တပိုင်ဆိုင်တဲ့ ခံစားချက်တွေက ထပ်မံထွက်ပေါ်လာပြန်သည်။

ဒီခံစားချက်တွေထဲမှာ ကြောက်ရွံ့မှုနဲ့ ဒေါသတွေပါဝင်နေသည်။ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာအောင် သူ့ရဲ့မိဘအရင်းတွေဆီကနေ နှိပ်စက်ခံခဲ့ရတဲ့ ယောက်ျားတစ်ယောက်က သူသေဆုံးပြီးသွားတဲ့နောက်မှာ ခေါင်းမာ အလျှော့မပေးတတ်တဲ့စိတ်ထားက ကျန်နေခဲ့သေးသည်။

သူသေလုမျောပါးဖြစ်ပြီးတဲ့နောက်မှာ အချိန်အချို့ကြာအောင် သူအလုပ်မလုပ်ခဲ့ဘူး။ သူအိမ်က ကြက်တစ်ကောင်နဲ့ ကြက်ဥအချို့ကို စားပစ်ခဲ့သည်။ အခုချိန်မှာ ဒီလူတွေက သူတို့တွေရဲ့သွေးသားတော်စပ်မှုတွေကို မထောက်ထားမငဲ့ညာပဲ သူ့ရဲ့ဘဝကိုတောင် လိုချင်နေသေးတယ် . . . ကျန်းလောင်တတစ်ယောက် ဘယ်လောက်တောင် နာကျင်လိုက်မလဲဆိုတာကို ငါတွေးကြည့်လိုက်လို့ရတယ်။

"မရိုသေမလေးစားတတ်ပြီး သားသမီးမကျေပွန်ဘူးလို့ ငါ့ကို စွပ်စွဲချင်တယ်ပေါ့?" ကျန်းရှန်က သူ့ခေါင်းကိုမော့လိုက်ပြီး သူ့အရှေ့မှာရှိနေတဲ့ လူတွေရဲ့မျက်နှာတွေကို စိုက်ကြည့်လိုက်ပြီးတော့ သူတို့ရဲ့မျက်နှာအမူအရာတွေအားလုံးကို သူ့ရဲ့နှလုံးသားထဲမှာ မှတ်သားထားလိုက်သည်။

"အကိုကြီး တကယ်လို့ မင်းပြဿနာဆက်ရှာနေမယ်ဆိုရင် မရိုသေမလေးစားမှုနဲ့ သားသမီးဝတ်မကျေပွန်မှုအတွက် အဖေနဲ့အမေတို့က မင်းကိုတရားစွဲလိမ့်မယ်!" ကျန်းချန်ရှန်းက ပြောလိုက်သည်။ ရုံးတော်ဆိုတာနဲ့ ဒီရွာထဲမှာရှိတဲ့လူတိုင်း ကြောက်ကြသည်။ အခုချိန်မှာ ရုံးတော်ရဲ့ဖမ်းဆီးခြင်းကို ခံလိုက်ရမယ်ဆိုရင် လူတိုင်းဘယ်လောက်တောင် ကြောက်လန့်ကြသလဲဆိုတာကို သူသေချာသိသည်။ သူ့ရဲ့အကိုကြီး စိတ်ပျော့ပြောင်းလာတာကို စောင့်နေဖို့သာ သူလိုအပ်သည်။

TOFUH (BL) [Myanmar Translation]Where stories live. Discover now