Chapter(24):လျို့ဝှက်စွာ အနမ်းပေးခြင်း-1

2.4K 488 5
                                    

Zawgyi


ကျန်းရှန်ရဲ့အတိတ်ဘဝမှာတုန်းက အထူးဖိအားတွေအောက်မှာ ကြုံတွေ့ခဲ့ရတဲ့ သူ့ရဲ့အတွေ့အကြုံတွေက သူ့အတွက် သီးသန့်စွမ်းရည်တစ်ခု ဖြစ်တည်လာစေခဲ့သည်။ သူက အမြဲတမ်း လျင်လျင်မြန်မြန် အိပ်မောကျသွားတတ်ပြီးတော့ လှုပ်ရှားမှုလေးတစ်ခု ရှိလိုက်တာနဲ့ ချက်ချင်း နှိုးလာတတ်သည်။

လိုအပ်တဲ့အချိန်ကျရင် သူလျင်လျင်မြန်မြန် နက်နက်ရှိုင်းရှိုင်း အိပ်မောကျသွားတတ်သည် . . . တကယ်လို့ သူရက်အနည်းငယ်လောက် မအိပ်စက်ရသေးဘူး ဆိုရင်တောင်မှ ခဏအနားယူ မှိန်းစက်ပြီးတာနဲ့ သူလန်းလန်းဆန်းဆန်း နှိုးထလာတတ်တာ ဖြစ်သည်။

သူဒီစွမ်းရည်ကို တာဝန်အမြောက်အမြားမှာ ထူးထူးချွန်ချွန် ဖြစ်မြောက်အောင်မြင်အောင် ထမ်းဆောင်ရာတွင် အသုံးပြုပြီးတော့ အခုအချိန်မှာတော့ ပြတင်းပေါက်ကို ပထမတစ်ချက် ခေါက်လိုက်သံမှာတင် သူနှိုးလာခဲ့ပြီဖြစ်သည်။

ဒါပေမဲ့ သူ့လက်ချက်နဲ့ ထောင့်စွန်းဘက်ကို လွင့်ပစ်ခံထားရတဲ့ ယန်ကျန်းကတော့ ဗိုက်ဆာ၊ ချမ်းအေးနေပြီး သက်တောင့်သက်သာမရှိစွာ အိပ်ပျော်နေသည်။ သူ့ခမျာ အခုချိန်အတောအတွင်းမှာ နှိုးဖို့လမ်းစမရှိပါဘူး။

အိပ်ရာထဲကနေ ထလိုက်ပြီးတော့ ကျန်းရှန်တစ်ယောက် ပြတင်းပေါက်ဆီ အလျင်အမြန်သွားလိုက်ပြီးတော့ ဖွင့်လိုက်သည်။

ပြတင်းပေါက်ကို သုံးကြိမ်သုံးခါ ညင်ညင်သာသာ ခေါက်ပြီးသွားတဲ့ ကျောက်ကျင့်တစ်ယောက် နောက်တစ်ကြိမ် ထပ်ခေါက်ဖို့ ပြင်လိုက်တဲ့အချိန်မှာ ပြတင်းပေါက်က ပွင့်လာတာကို သူမြင်လိုက်ရသည်။ သူ့အရှေ့မှာရှိနေတဲ့ ယောက်ျားရဲ့မျက်နှာကို သူမြင်ရဖို့အတွက် အရမ်းမှောင်မိုက်နေပေမဲ့ ရင်းနှီးနေတဲ့ရနံ့ကြောင့် အဲ့လူက ကျန်းရှန်ဆိုတာကို သူသိလိုက်သည်။

"မင်း . . . " ကျောက်ကျင့်တစ်ယောက် ကျန်းရှန်ကို တစ်ခုခု အဆင်မပြေတာများ ရှိနေသလားလို့ မေးမြန်းလိုက်ချင်ပေမဲ့ သူမမေးရသေးခင်မှာ ကျန်းရှန်က လက်လှမ်းလာပြီးတော့ သူ့ပါးစပ်ကို ကာလိုက်သည်။

TOFUH (BL) [Myanmar Translation]Where stories live. Discover now