Chapter(1):ဆာလောင်ပြီးသေဆုံးဖို့ အသက်ရှင်နေထိုင်ခြင်း-2

4.1K 682 23
                                    

Zawgyi

ဒီရက်မှာမွေးဖွားလာတဲ့ကလေးတွေက သူတို့ရဲ့မိဘတွေကို အတားအဆီးအဟန့်အတား ဖြစ်စေတယ်လို့ ပြောကြပြီးတော့ ကျန်းအကိုကြီးကလည်းသူ့ရဲ့မိဘတွေကို အမှန်တကယ် အတားအဆီးအဟန့်အတား ဖြစ်စေခဲ့တာ ဖြစ်သည်။ 

ကျန်းအကိုကြီးကိုမမွေးခင် တစ်ရက်အလိုတုန်းက
ကျန်းလောင်ထုံကစစ်မှုထမ်းဖို့ ခေါ်ဆောင်သွားခံခဲ့ရသည်။  အဲ့အချိန်တုန်းကသူ့မိဘတွေကလည်း ကွယ်လွန်သွားပြီဖြစ်သည်။  ကျန်းလောင်ထိုက်၏မိသားစုအိမ်မှာလည်း ဝေးလွန်းတာကြောင့် သူမအိမ်မှာပဲတစ်ယောက်တည်း မွေးဖွားခဲ့ရသည်။  သူမရဲ့သားဦးဖြစ်တာကြောင့်
သူမဘာသာသူမမွေးဖွားဖို့အတွက် အခက်အခဲရှိခဲ့ပြီးတော့ အဲ့ညတုန်းကဆိုရင် သူမရဲ့အသက်ကို ဆုံးရှုံးရလုနီးပါးဖြစ်သွားခဲ့သည်။ 

မွေးဖွားပြီးနောက် ကျန်းလောင်ထိုက်က ပိုင်ရှင်မဲ့နေပြီး တရက်ဗိုက်ဆာခံခဲ့ရသည်။  ထို့နောက်သူမတွားသွားထပြီး ချက်ပြုတ်ရတော့သည်။ ညစ်ပေနေတဲ့အင်္ကျီတွေနဲ့
အိပ်ရာထိုင်ခင်းတွေကိုလည်း လျှော်ဖွတ်ရတော့သည်။ သူမတစ်လလောက် လုံးဝမထိုင်နိုင်ဖြစ်သွားခဲ့သည်။

အိမ်မှာတစ်ယောက်တည်းကျန်ရစ်ခဲ့ပြီး
ကလေးတစ်ယောက်ကိုစောင့်ရှောက်ရတာက
ဘယ်လောက်ခက်ခဲသလဲဆိုတာကို သူမဘယ်တုန်းကမှ မသိခဲ့ဖူးဘူး။ ဟိုးအစကတည်းက ကျန်းလောင်ထိုက်က
သူမ၏အကြီးဆုံးသားကို မနှစ်သက်ဘူး။ သူမ၏သားအကြီးဆုံးက မကောင်းတဲ့ကြယ်တစ်စင်းဖြစ်လိမ့်မည်ဟု ဆုံးဖြတ်ချက်ချလိုက်တော့သည်။ 

ကျန်းလူအိုကြီးက စစ်မှုသွားထမ်းနေရပြီးတော့ အပြင်ဘက်မှာ​ သေဆုံးချင်သေဆုံးသွားနိုင်သည်။ တကယ်လို့ကလေးသေဆုံးသွားခဲ့ရင် ကျန်းလောင်ထိုက်ကိုသေချာပေါက် ကျန်းမိသားစု၏ဦး​လေးဖြစ်သူက အိမ်ထဲကနေမောင်းထုတ်ပြီးတော့ လယ်ကွက်တွေကို သိမ်းယူသွားလိမ့်မည်။ ကျန်းသားအကြီးဆုံးကို သတ်ပစ်ဖို့ သူမမစောင့်နိုင်တော့သော်ငြားလည်း နောက်ဆုံးမှာတော့ ကျန်းလောင်ထိုက်ကသူ့ကို မဖြစ်မနေအစာကျွေးရတော့သည်။

ဒါပေမဲ့အစာကို ကျွေးတယ်ဆိုရုံမျှလောက်သာ
ဖြစ်သည်။

ကျန်းလောင်ထိုက်ကကျန်းသားအကြီးဆုံးကို မကြာခဏရိုက်နှက်ဆူပူတတ်သည်။  သူမကကောင်းကောင်းစားသောက်ပေမဲ့ သူ့ကိုတော့ တစ်လုတ်စာစားကြွင်းစားကျန်တွေကိုသာ ချန်ရစ်ထားပေးတတ်သည်။  သူမအလုပ်ထွက်လုပ်တဲ့အချိန်ကျရင် ကျန်းသားအကြီးဆုံးကိုအိမ်ထဲမှာ ကောက်ရိုးကြိုးမျှင်နဲ့ ချည်ထားရစ်တတ်သည်။  သူမဒီကံမကောင်းစေတဲ့ကြယ်ကို ဘယ်တုန်းကမှမထိချင်ခဲ့ဖူးဘူး။

TOFUH (BL) [Myanmar Translation]Where stories live. Discover now