Chapter(4):မင်းကိုသေတဲ့အထိ ဆူဆဲပစ်မယ်။-1

3K 638 8
                                    

Zawgyi

ကျန်းရှန်ကကျန်းလောင်ထိုက်၏ဆူပူမှုတွေကို ဆွံ့အနားမကြားသလိုမျိုးနေနေလိုက်သည်။ ဒါပေမဲ့ဒီမိသားစုမှာရှိတဲ့ ကျန်းလောင်ထိုက်၏နေရာကို သူနောက်ထပ်တစ်ကြိမ်ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်လိုက်ပြန်သည်။

တကယ်လို့ကျန်းလောင်တက ပျင်းရိအသုံးမကျတဲ့လူဖြစ်နေလို့ သူ့မိသားစုကသူ့ကိုဖယ်ကျဉ်ထားတာဆိုရင်
အံ့သြစရာမရှိပါဘူး။ ဒါပေမဲ့အဖြစ်မှန်ကတော့ ဒီမိသားစုထဲမှာရှိတဲ့ ကိုယ်ကာယအလုပ်တွေအများစုကို ကျန်းလောင်တလုပ်ရတာဖြစ်သည်။

လွန်ခဲ့တဲ့နှစ်နှစ်တုန်းက ကျန်းလောင်တကနာကျင်ကိုက်ခဲ​နေပြီး သူ့ရဲ့ခြေလှမ်းတွေကလေးလံနေတယ်လို့
အမြဲတမ်းခံစားခဲ့ရပြီးတော့ အလုပ်လုပ်ဖို့ဘာခွန်အားမှလည်းမရှိတော့ဘူး။ ဒါပေမဲ့သူ့မိဘတွေရဲ့တောင်းဆိုချက်အရ သူလယ်ထဲမှာတစ်နေ့လုံးအလုပ်လုပ်ခဲ့ရသည်။ သူဘယ်တုန်းကမှစကားမပြောဖူးသလို တစ်ခြားလူတွေနဲ့လည်း မဆက်သွယ်မဆက်ဆံဖူးဘူး။ သူ့မှာခက်ခဲပြီး
မရေရာမသေချာတဲ့ဘဝတစ်ခုရှိခဲ့သည်။ တစ်ခုတည်းသောအားပေးနှစ်သိမ့်မှုက  ကျန်းရှောင်မိန်ကတစ်ခါတစ်ရံ "အကိုကြီး" လို့အော်ခေါ်ပြီး သူ့ကိုအာရုံနည်းနည်းစိုက်ပေးနေလို့သာ ဖြစ်သည်။

"မင်း မိမစစ်ဖမစစ်..." ကျန်းလောင်ထိုက်က ဆက်လက်ကျိန်ဆဲ​နေပေမဲ့ ကျန်းရှန်ကရုတ်တရက် အရှေ့ကိုဆက်သွားလိုက်ပြီးတော့ စားပွဲမှာထိုင်ချလိုက်ပြီး​နောက် တူကိုကောက်ယူပြီး စတင်စားတော့သည်။

"မင်းကိုစားပွဲမှာထိုင်ပြီးစားဖို့ ဘယ်သူခွင့်ပြုထားလဲ?" ကျန်းလောင်ထိုက်ကအစကတည်းကကို ဒေါသထွက်ပြီးနေပြီ။ ကျန်းရှန်ကစားပွဲမှာထိုင်နေတာကိုမြင်တော့ သူမပိုပြီးတော့တောင် ဒေါသထွက်လာသည်။

စကားမစပ် ဟိုးအရင်အချိန်အကြာကြီးကတည်းက ကျန်း​လောင်တကို စားပွဲမှာထိုင်စားခွင့်မပြုထားဘူး။ လူတိုင်းစားလို့ပြီးသွားတဲ့အချိန်ကျမှ သူကပန်းကန်တွေကိုဆေးကြောပြီး စားကြွင်းစားကျန်တွေကိုစားရသည်။ တစ်ခါတစ်လေစားကြွင်းမရှိတဲ့အခါကျရင် သူဆာလောင်ပြီးနေနေရသည်။

TOFUH (BL) [Myanmar Translation]Where stories live. Discover now