Chapter(33):ယခင်က စေ့စပ်ကြောင်းလမ်းထားခဲ့သူ-2

1.8K 263 13
                                    

Zawgyi




Chapter(33):ယခင်က စေ့စပ်ကြောင်းလမ်းထားခဲ့သူ-2



အခုချိန်မှာ သူရုတ်တရက် လီရှို့ကို တွေ့လိုက်ရတာမို့ ကျောက်ကျင့်တစ်ယောက် အတော်လေး အံ့အားသင့်နေမိတဲ့အချိန်မှာ လီရှို့ကတော့ စစ်မှန်တဲ့ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။

"ကျင့် အဒေါ်မင်းဆီ အထူးတလည် တွေ့ဖို့လာခဲ့တာ။ လီမိသားစုက ဝဋ်ပြန်လည်နေပြီ ဆိုတာကို အဒေါ်မင်းကို ပြောပြချင်လို့!" လီရှို့က ကျောက်ကျင့်ကို ပြောလိုက်သည်။

သူမကျောက်ကျင့်ကို တွေ့ဖို့လာခဲ့ရတာက လီဇူကန်းတို့မိသားစုဆီမှာ ဖြစ်ပျက်သွားခဲ့တဲ့ ကံဆိုးမိုးမှောင်ကျမှုတွေကြောင့်ပဲ ဖြစ်သည်။ သူမရဲ့စိတ်ထဲမှာ အရမ်းကို ပျော်ရွှင်နေမိသလို သူမရဲ့ပျော်ရွှင်မှုတွေကိုလည်း ကျောက်ကျင့်ဆီ ဝေမျှပေးချင်နေခဲ့သည်။

"အဲ့အချိန်တုန်းက လီဇူကန်းက အဲ့ဒီရှုဆိုတဲ့ မကောင်းတဲ့မိန်းမကို လက်ထပ်ချင်နေခဲ့တာ . . . ဒါပေမဲ့ အခုချိန်မှာတော့ . . . Ha ha!" လီရှို့က ဆက်လက်ပြောဆိုနေခဲ့သည်။

လတ်စသတ်တော့ ဖြစ်စဉ်က လီဇူကန်းတစ်ယောက် ကျောက်ကျင့်နဲ့ သူ့ရဲ့စေ့စပ်ထားမှုကို ဖျက်သိမ်းပြီးတဲ့နောက်မှာ သူ့ရွာထဲမှ ရှုမိန်းကလေးနဲ့ သူချက်ချင်း စေ့စပ်ခဲ့သည်။ အသက်တစ်ဆယ့်ခုနှစ်နှစ်အရွယ် ရောက်တဲ့အချိန်မှာတော့ သူတို့နှစ်ယောက်သား လက်ထပ်ခဲ့ကြသည်။

အစတုန်းကတော့ သူတို့တွေဆီမှာ ကောင်းမွန်တဲ့ဘဝတစ်ခု ရရှိခဲ့ကြပြီးတော့ ရှုမိန်းကလေးက လီဇူကန်းအတွက် သားလေးယောက်ကို မွေးဖွားပေးခဲ့တာကြောင့် လီမိသားစုက သူမကို အရမ်းကြင်နာခဲ့ကြပြီးတော့ သူမကို ဘာအလုပ်ကိုမှ မလုပ်ခိုင်းခဲ့ကြပေ။

ဒါပေမဲ့ အခုခေတ်အချိန်အခါတွင် သားလေးယောက်ကို ကျွေးမွေးဖို့ဆိုတာက မလွယ်ကူလှပါဘူး။

လီမိသားစုမှာ ငွေအများကြီးမရှိပေ။ လီဇူကန်းနဲ့သူ့အဖေက အရမ်းကို ပိန်ပါးသေးသွယ်နေကြဆဲဖြစ်သည်။ သူတို့တွေက တစ်ခြားလူတွေအတွက် ငွေရှာဖွေမပေးနိုင်ကြပဲ သူတို့ရဲ့ကိုယ်ပိုင်မြေကွက်ပေါ်မှာသာ စိုက်ပျိုးနိုင်ကြသည်။ အဲ့ဒါကြောင့် မိသားစုရဲ့ဘဝက ဆင်းရဲသထက် ဆင်းရဲလာခဲ့ပြီးတော့ ငွေတွေကိုတောင် ချေးငှါးခဲ့ကြရသည်။

TOFUH (BL) [Myanmar Translation]Where stories live. Discover now